Home / 2018 / May / 08

Daily Archives: May 8, 2018

ထိုင်းနိုင်ငံ၊ နိုပိုဒုက္ခသည်စခန်းမှ ပြန်လာသူများအား ထောက်ပံ့ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၈ (ပဲခူး) ============= မေလ (၈)ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံ၊ နိုပိုဒုက္ခသည်စခန်းမှ ပြန်လာသူများအား ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ယခုလို မိမိတို့ နေရပ်ပဲခူးမြို့ကို ပြန်လည်ရောက်ရှိလာမှုအပေါ် အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ နိုင်ငံရေးအခြေအနေများလည်း ပြောင်းလဲနေပြီဖြစ်၍ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်လမ်းများ ပေါများနေပြီဖြစ်ကြောင်း၊ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်စားသောက်သွားရန်နှင့် နိုင်ငံတော်အတွက် မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်သော နိုင်ငံသားကောင်းများ ဖြစ်ကြစေလိုကြောင်း အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေရပ်ပြန်လာသူ မိသားစု(၁)စု၊ (၅)ဦးအတွက် တစ်ဦးလျှင်(၁)သိန်းကျပ်၊ မီးဖိုချောင်သုံးပစ္စည်း(၆)မျိုးပါ ကတ်ထူပုံး(၁)လုံး၊ လူသုံးကုန်ပစ္စည်း …

Read More »

မြန်​မာနိုင်​ငံရင်းနှီးမြုပ်​နှံမှု ဥပ​ဒေ၊ နည်းဥပ​ဒေနှင့် မြန်​မာနိုင်​ငံ ကုမ္ပဏီများ ဥပ​ဒေ ရှင်းလင်းဆွေး​နွေးပွဲ အခမ်းအနားကျင်းပ

FI

ပဲခူး  မေ ၈ ===============      မေလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးလာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရောက်ရှိလာကြောင်း၊ တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်နှင့် ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုလို အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် နိုင်ငံသူ/နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။       ထို့နောက် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)ညွှန်ကြားရေးမှူး ဒေါက်တာ လွင်သူဇာရွှေက ပဲခူးတိုင်းအတွင်းရှိ ပုဂ္ဂလိကနှင့်အစိုးရကဏ္ဍတို့မှ သက်ဆိုင်သူများအား မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေနှင့် ပတ်သက်သည့် ဗဟုသုတများမျှဝေနိုင်ရန် …

Read More »

ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၈ (ပဲခူး) ================================== ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းတွင် မေလ(၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်းသူများ၏ (၁၀၂)ကြိမ်မြောက် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပဲခူးမြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု)ဒေါ်ပက်ထရစ်ရှာမိုးဇက်တို့က အမှာစကားပြောကြားပြီး ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းအုပ် မာမီဒေါ်မြမြစန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သင်တန်းသူများအား ကျောင်းအုပ်ကြီးနှင့် သူနာပြုအုပ်များ၊ သူနာပြုဦးစီးအရာရှိများ၊ သူနာပြုဆရာမကြီးများက ဦးဆောင်းအပ်နှင်းပေးကြပြီး သင်တန်းသူများမှ ဖယောင်းတိုင်မီးထွန်းညှိခြင်း၊ သူနာပြုသစ္စာဓိဌာန်ရွတ်ဆိုခြင်းများ ပြုလုပ်ကြသည်။ ယင်းနောက် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ထူးချွန်သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများက “ဂရုဏာအလင်း” သီးချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ …

Read More »