Home / 2018 / May / 09

Daily Archives: May 9, 2018

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်သလို စည်းကမ်းမလိုက်နာမှုများကိုလည်း ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

FI

မေ ၉ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ (၉)ရက်နေ့၊ နံနက် (၉) နာရီခွဲအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းစေရေး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရသလို၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးများကိုလည်း ဆောင်ရွက်နေရကြောင်း၊ အထူးသဖြင့် ယာဉ်ထိန်းရဲလုပ်ငန်းသည် ပြည်သူများနှင့် နေ့စဉ်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေရသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက်ရှိလာမည်ဖြစ်၍ စာသင်ကျောင်းများရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ချထားပေးနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားစေလိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပညာပေးရာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သလို စည်းကမ်းမလိုက်နာသူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် မဆုံးရှုံးစေရေး စေတနာထား …

Read More »