Home / 2018 / May / 10

Daily Archives: May 10, 2018

သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

မေ ၁၀ (ပဲခူး) ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၁၀)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က သိမ်းဆည်းလယ်ယာမြေများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အမှုတွဲများ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်း စိစစ်ရေးဗဟိုအဖွဲ့နှင့် ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအား  ဌာနဆိုင်ရာများမှ စွန့်လွတ်ပေးခဲ့ပါက မူလပိုင်ရှင်များထံသို့  အမြန်ဆုံး ပြန်လည်ရရှိနိုင်ရေး၊ ပြန်လည်မစွန့်လွတ်ပေးပါက မြေယာအစားထိုး(သို့မဟုတ်) နစ်နာကြေး ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကြန့်ကြာနေသည့် မြေယာအမှုတွဲများအား ယခုတွေ့ဆုံပွဲမှ ရရှိလာသည့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ခရိုင်/မြို့နယ်အဆင့်ဆင့်သို့ ညွှန်ကြား ဆောင်ရွက်သွားရန်နှင့် သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ဒုတိယဝန်ကြီး ဦးမင်းသူက လက်ရှိအစိုးရတာဝန်ယူပြီး နောက် …

Read More »