Home / 2018 / May / 13

Daily Archives: May 13, 2018

ရေတာရှည်မြို့တွင် တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲကျင်းပ

FI

မေ ၁၃ (ရေတာရှည်) ============================= ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် မေလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က တောင်သူမျိုးစေ့သန့်စင်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူမျိုးစေ့သန့်စင်စက်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်သိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းနှင့် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက တောင်သူမျိုးစေ့သန့်စင်စက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “စိုက်ပျိုးထုတ်လုပ်ရရှိသော မျိုးစေ့များမှာ မျိုးကောင်းမျိုးသန့်ဖြစ်ရုံမျှမပြီးဘဲ သန့်စင်ဖို့လည်းလိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးထွက်ရှိလာသည့် မျိုးစေ့များ စံချိန်စံညွှန်းမီစေရေးအတွက် မျိုးစေ့သန့်စင်ခြင်း မဖြစ်မနေဆောင်ရွက်နိုင်ရန် မျိုးစေ့သန့်စင်စက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် အထွက်နှုန်းသာမက အရည်အသွေးပါ မြင့်မားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အရည်မသွေးပြည့်မှီသော …

Read More »

(၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၂၃ (ရေတာရှည်) ============================= မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်က “ယနေ့ရေနီမြို့တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ပေးနိုင်သည့်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့တစ်နေ့ဖြစ်ကြောင်း၊ ဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့်လည်း စေတနာ၊ မေတ္တာအပြည့်ဖြင့် ပြည်သူလူထု၏အကျိုး၊ မိမိတို့ဌာန၏ အကျိုးကို ကောင်းမွန်စွာ ဆောင်ရွက်ပေးကြဖို့လိုကြောင်း မြို့မိမြို့ဖ၊ ရပ်မိရပ်ဖအပါအဝင် ကျေးရွာသူ/သားအားလုံးတို့ကလည်း ဆေးရုံကြီးသန့်ရှင်းသာယာလှပဖို့၊ လူနာများစိတ်ချမ်းသာစေဖို့နှင့် မိမိတို့ရပ်ရွာကို လာရောက်တာဝန်ထမ်းဆောင်သော ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည့်နေရာတွင် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြရန်လိုအပ်ကြောင်း” အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်နှင့် …

Read More »