Home / 2018 / May / 14

Daily Archives: May 14, 2018

ရေတာရှည်မြို့နယ်အတွင်း စစ်တောင်မြစ်ကူးတံတား(၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မေ ၁၄ (ရေတာရှည်) ================= မေလ (၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအနီး၌ စစ်တောင်းမြစ်ကူးတံတား (၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာနှင့် တောင်ငူမြို့နယ်၊ ကရင်ချောင်းကျေးရွာတို့အား ဖြတ်သန်းပြီး စစ်တောင်းမြစ်ကူးတံတား(၁)စင်း ဆောက်လုပ်ရန် စီစဉ်ထားရှိမှုအခြေအနေများကိူဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က စစ်တောင်မြစ်ကူးတံတား တည်ဆောက်ခြင်းသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ တိုင်းရင်းသားပြည်သူများ  လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းခြင်းအားဖြင့် စီးပွားရေးကူးလူးဆက်ဆံမှုများမှတစ်ဆင့် တစ်ဒေသနှင့် တစ်ဒေသ၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုများ ပိုမိုရရှိလာကာ အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အထောက်အကူပြုရာလည်းရောက်ကြောင်းနှင့် တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ လမ်းအူကြောင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ မြေယာပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

FI

မေ ၁၄ (ပဲခူး) – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – မေလ (၁၄) ရက်နေ့ နံနက် (၇) နာရီအချိန်ကပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာအုပ်စု၊ ထားဝယ်အင်းကျေးရွာတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့မြေယာပေးအပ်လှူဒါန်း ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးနော်ပွယ်စေးမှ အမှာစကားပြောကြားရာတွင် တိုင်းအတွင်းရှိ …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၈ခုနှစ် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

1

မေ ၁၄ (ပဲခူး) ================================= မေလ(၁၄)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ဥဿာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ဗရမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးတိုင်းဒေသကြီးဘဏ်ခွဲ၊ ပဲခူးမြို့တွင် ၂၀၁၈ခုနှစ်၊ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက လမ်းညွှန်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်က ချေးငွေပြန်လည်ကောက်ခံရရှိမှုနှင့် ၂၀၁၈ခုနှစ် မိုးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မန်နေဂျာများက မိမိတို့မြို့နယ်အလိုက် ၂၀၁၈ခုနှစ် မိုးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ၂၀၁၈ခုနှစ် ရာသီအလိုက် စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးရန်အတွက် (၁)ဧကမှ(၁၀)ဧကအထိ ထုတ်ချေးမည်ဖြစ်ပြီး မိုးစပါး(၁)ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံ(၁)ဧကလျှင် (၅)သောင်းနှုန်းဖြင့်လည်းကောင်း ထုတ်ချေးမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအုပ်စု(၁၅၀၁)အုပ်စုမှ တောင်သူ(၃၄၇၂၇၃)ဦး၏ စိုက်ဧက(၂၀၈၉၉၈၀)ဧကအား ၂၀၁ရခုနှစ်တွင် ချေးငွေပေါင်း (၃၁၃၁၉၆.၃၀)သန်း ထုတ်ချေးခဲ့ပြီး ချေးငွေပြန်လည်ရရှိမှုအနေဖြင့် …

Read More »