Home / 2018 / May / 15

Daily Archives: May 15, 2018

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၁/၂ဝ၁၈) အစည်းအဝေးသို့ ဝန်ကြီးချုပ်တက်ရောက်

FI

နေပြည်တော် မေ ၁၅ ======================== အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂ဝ၁၈) အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယခု အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်ပြီး အမြဲတမ်းနိုးကြား ဆောင်ရွက်နေရမည် ဖြစ်ကြောင်း။ ရာသီကာလအလိုက် ဖြစ်နိုင်သည့်ဘေးများ၊ နေရာဒေသအလိုက် ဖြစ်နိုင်သည့် ဘေးများအပေါ် ထိရောက်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် လိုအပ်ပြီးကြိုတင် ပြင်ဆင်မှုများကိုလည်း အချိန်နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ် …

Read More »

ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှုရလာဒ်နှင့် အမျိုးသားရေဥပဒေအကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

FI

မေ ၁၅ (ပဲခူး) ================================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း၏ ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာခြင်းလုပ်ငန်းစဉ်မှ ရရှိလာသောရလာဒ်များအကြောင်း ဆွေးနွေးတင်ပြခြင်းနှင့် အမျိုးသားရေး ဥပဒေအကြောင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပါမောက္ခဒေါက်တာခင်နီနီသိန်းက အမျိုးသားရေဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဝင် ဒေါက်တာဆွေဆွေအေးက တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးကြပြီး ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှုရလာဒ်နှင့်ပတ်သက်၍ National SOBA Environmental Scientist ဦးအောင်နိုင်မျိုးက ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ National SOBA Environmental Scientist ဦးအောင်နိုင်မျိုးက ပြန်လည်ဖြေကြားပြီး ပဲခူးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ …

Read More »

တိုင်းပြည်တစ်ခု၏ ဂုဏ်တန်ဖိုးသည် မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း လာရောက်ရှင်းလင်း

FI

မေ ၁၅ (ပဲခူး) ==============           မေလ (၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ မှတ်တမ်းမော်ကွန်း ဆိုင်ရာများနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းပွဲ ပြုလုပ်သည်။           ရှေးဦးစွာ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ (ရန်ကုန်ရုံးခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာမြင့်က နိုင်ငံတော်အနေဖြင့် မှတ်တမ်းမော်ကွန်းတိုက်၏ မျှော်မှန်းချက်၊ ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ ရည်မှန်းချက်၊ မှတ်တမ်းအဓိပ္ပါယ်၊ မော်ကွန်းအဓိပ္ပါယ်၊ မော်ကွန်းအဖြစ်သတ်မှတ်သည့်”စံ”(၁၁)ချက်၊ နောက်ခံသမိုင်း၊ သိမ်းဆည်း ထားသည့် မော်ကွန်းစာအုပ်စုများ၊ စာရင်းများ၊ မော်ကွန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား Power Pint ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်သည် နိုင်ငံတစ်ခု၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်တို့ ရေးသားဖော်ပြရာတွင် …

Read More »