Home / 2018 / May / 16

Daily Archives: May 16, 2018

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

မေ (၁၆) နေပြည်တော် ===========           မေလ (၁၆)ရက်နေ့၊  နံနက် (၉)နာရီအခွဲအချိန်၊ သစ်တောဦးစီးဌာန၊ အင်းကြင်းခန်းမ၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်သည်။           အဆိုပါအစည်းအဝေးသည် ကမ်းရိုးတန်းဒေသ သယံဇာတများ စီမံခန့်ခွဲရာတွင် နိုင်ငံအဆင့် လွှမ်းခြုံအကျိုးသက်ရောက်မှုရှိသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရေး ဦးစီးဆောင်ရွက်ရန် ဆက်စပ်ပတ်သက်သည့်ဌာနများအကြား ထိရောက်စွာပူးပေါင်းဆောင်ရွက် နိုင်ရေးစေရန်နှင့် ကမ်းရိုးတန်းဒေသချင်း ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။           အစည်းအဝေးသို့ ဒုတိယသမ္မတ(၁)၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် လုပ်ငန်း/ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ချေးငွေအကြံပေးအဖွဲ့မှ ချေးငွေထုတ်ချေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မေ ၁၆ (ပဲခူး) =================================== မေလ (၁၆)ရက်၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ခုနှစ်၊ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ ကျင်းပသည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စိုက်ပျိုးစရိတ်ချေးငွေများအား စိုက်ပျိုးချိန်မီ ထုတ်ချေးပေးနိုင်ရေးနှင့် စာရင်းဇယားများ မှန်မှန်ကန်ကန် ဖြစ်စေရေး မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက စိုက်ပျိုးစရိတ်များထုတ်ချေးပေးရာတွင် သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် မြို့နယ်အဆင့်အထိ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် တင်ပြဆွေး နွေးခဲ့သည်။           ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးရေး အကြံပေးကော်မတီဝင်များမှ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ရာ၊ ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           အခမ်းအနားသို့ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေမှူးနှင့် ပဲခူးတိုင်းဒေသကြီး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးရေး …

Read More »