Home / 2018 / May / 17

Daily Archives: May 17, 2018

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပပြုလုပ်

FI

မေ ၁၇ (ပဲခူး) ================================== မေလ(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်မည့်လုပ်ငန်းများအား အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သော သွေးလွန်တုပ်ကွေး ရောဂါပိုးသယ်ဆောင်သော ခြင်မပေါက်ပွားအောင် ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းဖြစ်သည့် ဖုံး၊သွန်၊လဲ၊စစ် ဆောင်ရွက်ခြင်းကို ပြည်သူတစ်ရပ်လုံးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ပါဝင်ဆောင်ရွက်ပါမှ ပိုမိုထိရောက်နိုင်မှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးပို့သောသဝဏ်လွှာကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ဖတ်ကြားသည်။ ထို့နောက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ဖြစ်ပေါ်လာပုံနှင့် ပါဝင်သောအကြောင်းအရာများကို နေပြည်တော် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးကလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းနှင့် …

Read More »