Home / 2018 / May / 21

Daily Archives: May 21, 2018

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ရိုးရာလက်ဝှေ့ (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပပြုလုပ်

FI

မေ ၂၀ (ပဲခူး) ================================ မေလ(၂၀)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် ရိုးရာလက်ဝှေ့(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်လုပွဲများအဖြစ် လူသစ်တန်း(၄၈)ကီလိုတန်း၊ (၅၀)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ (၆၀)ကီလိုတန်းများနှင့် (၆၃.၅)ကီလိုတန်းနှင့် (၆၇)ကီလိုတန်းလက်ရည်စစ်ပွဲ၊ (ဂ)အဆင့်(၄၈)ကီလိုတန်း၊ (၅၁)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ အမျိုးသမီး(၄၈)ကီလိုတန်းတို့ ယှဉ်ကစားကြသည်။ ထို့နောက် ကီလိုတန်းအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ငယ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး တံခွန်စိုက်ဆုဖလားရရှိသော တောင်ငူခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်က တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးအပ်သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် ရိုးရာလက်ဝှေ့(အမျိုးသား)ပြိုင်ပွဲကို မေလ(၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကီလိုတန်းအလိုက် ပထမဆုရရှိသူများအား …

Read More »