Home / 2018 / May / 22

Daily Archives: May 22, 2018

ဝန်ကြီးချုပ် ဦးဝင်သိန်း ကျောက်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံများ၊ ဝန်ထမ်းအိမ်ရာနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မေ ၂၂ (ကျောက်ကြီး) ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး တို့လိုက်ပါလျက် မေလ (၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ကျောက်ကြီးမြို့နယ်၊ ငထွေစုတ် ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော ငထွေစုတ် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ကျောက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ငထွေစုတ် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသခဲ့ရာ၊ ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်း၊ ကျေးလက်နေ ပြည်သူတို့သည် ကူးစက်ရောဂါနှင့် မြွေအန္တရာယ်တို့ကို နီးစပ်ရာနည်းလမ်းများ၊ ဆေးမြီးတို များဖြင့် ကုသနေကြ၍ မဆုံးရှုံးသင့်သည့် အသက်အန္တရာယ်များ နှစ်စဉ် ဆုံးရှုံးနေကြရကြောင်း၊ ဒါကြောင့် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန် စီမံကိန်းများချမှတ်၍ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်သွားရန်နှင့် အချိန်မီပြီးစီးအောင်နိုင်ရေး ဆောင်ရွက်ရန် …

Read More »

ကျောက်ကြီးမြို့တွင် ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် တိုင်းဒေသကြီးအဆင့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

မေ ၂၂ (ကျောက်ကြီး) ===================           တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အောင်စိုးမိုးကျေးရွာ၊ အောက်မေ့ဖွယ်ခန်းမ၌ မေလ (၂၂)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် တိုင်းဒေသကြီးအဆင့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးသည် တိုင်းပြည်တစ်ခု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့၏ ပင်မဒေါက်တိုင်တစ်ခုဖြစ် ကြောင်း၊ ရေရှည်တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုရရှိမှသာ ဒေသခံပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၏ အခြေခံသည် ယုံကြည်မှုပင်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများ စုစည်းပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဘက်နှင့် တစ်ဘက် ယုံကြည်မှုများ တည်ဆောက်ရာတွင် ယခုလိုတွေ့ဆုံမှုများမှတဆင့် အဖြေရှာ ဆောင်ရွက်ခြင်း၊ လိုအပ်ချက်များအား ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ဖြင့် …

Read More »