Home / 2018 / May / 24

Daily Archives: May 24, 2018

ပဲခူးဒေသတွင် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်

FI

မေ ၂၄ (ပဲခူး) ==================           မေလ (၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေး ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်းနှင့် ဒေါက်တာ ဇေယျဦးတို့ လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ  ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်းနှင့် ဒေါက်တာ ဇေယျဦးတို့က ပဲခူးဒေသတွင် University of Hanthawaddy(UoH) အမည်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အဓိက အားဖြင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပြည်တွင်း ကျွမ်းကျင် သူနည်းပါးနေ၍ အခြားနိုင်ငံမှ ပညာရှင်များ ခေါ်ယူအသုံးပြုနေရပါကြောင်း၊ ဒေသတွင်းရှိ အခြေခံပညာအထက်တန်းအောင် ကျောင်းသား/ကျောင်းသူအတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ သုတေသနနှင့် Industrial Based Learning တက္ကသိုလ်တစ်ခုဖြစ်လာရန်နှင့် ဘာသာရပ် များအနေဖြင့် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်၊ စိုက်ပျိုးရေးဆိုင်ရာဘာသာရပ်၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာဘာသာရပ်၊ သဘာဝဘေးဒဏ်ကာကွယ်ရေးဆိုင်ရာဘာသာရပ်၊ …

Read More »