Home / 2018 / May / 25

Daily Archives: May 25, 2018

ကျောင်းအပ်နှံရေး နေ့သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

FI

မေလ ၂၅ (ပဲခူး) ================================ မေလ(၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျတုကျောင်းဆောင်ရှေ့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးကျော်ဆင့်တို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး” ဟုရေးသားထားရှိသည်။ ကျောင်းလာအပ်ရာတွင်လည်း ကျောင်းလာအပ်သည့် ကလေးသည်ငါးနှစ်ပြည့်ဖို့ တစ်လလိုနေမည်ဆိုပါက သက်ဆိုင်ရာ ကျောင်းအုပ်၏ ထောက်ခံချက်၊ …

Read More »