Home / 2018 / June / 04

Daily Archives: June 4, 2018

ဒုတိယအကြိမ်​ ပဲခူးတိုင်းဒေသကြီးလွှတ်​​တော်​ အ​ရေး​ပေါ်အစည်းအ​ဝေး(၂/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ပဲခူး  ဇွန်  ၄ ==============================     ဇွန်လ(၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)ပထမနေ့ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၇၅) ဦးမှ (၆၈) ဦး တက်ရောက်ပြီး အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များများက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးစတင်သည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးမျိုးမင်းဇော်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးညွှန့်ရွှေက လွှတ်တော်သို့တင်သွင်းသည်။ ဆက်လက်၍  ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ(၂)ခု ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ …

Read More »

LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ်ကတ္တရာခင်းခြင်းလုပ်ငန်းများအား လာရောက်မိတ်ဆက်ရှင်းလင်း

FI

ဇွန် ၄ (ပဲခူး) ===================================           ဇွန်လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပြည်ပကုမ္ပဏီ(၂)ခုမှ LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ် ကတ္တရာခင်းခြင်းလုပ်ငန်း များအား လာရောက်မိတ်ဆက်ရှင်းလင်းခဲ့သည်။           ရှေးဦးစွာ Royal Pole Star Service Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဇော်က မိမိတို့ကုမ္ပဏီသည် ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု (၁၀၀) ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည့်ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ငွေဆောင်နှင့် ချောင်းသာဟိုတယ်ဇုန်များအား (၂၄)နာရီ မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ စက်မှုဇုန်များအား မီးလင်းရေးလုပ်ငန်း များ၊ မြို့ဝင်/ထွက် လမ်းမီးများအား နှစ်(၂၀)အာမခံဖြင့် နှစ်ရှည်ရင်းနှီးမြှုပ်မှု ဆောင်ရွက်လိုပါ ကြောင်း တင်ပြဆွေးနွေးခဲ့သည်။           ဆက်လက်၍ Zenith Spartans …

Read More »

ရေတာရှည်မြို့တွင် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံအဆောက်အဦသစ် ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇွန် ၃ (ရေတာရှည်) ================================ ဇွန်လ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွှေပြည်ကုန်းကျေးရွာ၊ ဘိုးတော်ကုန်းကွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ရေတာရှည်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးပညာသည် မြန်မာနိုင်ငံတွင်လူသားများ ပေါ်ပေါက်နေထိုင်မှုနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီးတကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယခေတ်များတွင် မိမိတို့တိုင်းရင်းဆေးပညာဖြင့် မိမိတို့ရပ်တည်ခဲ့ကြောင်း၊ နိုင်ငံတော်မှ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် နှစ်စဉ်ကျန်းမာရေးအတွက် …

Read More »