Home / 2018 / June / 05

Daily Archives: June 5, 2018

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇွန် ၅ (ပဲခူး) ====================           ဇွန် (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူများအတွက် ဧကကွက်များ၊ ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ စျေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ သီးနှံအလိုက် အာမခံရရှိနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ပေါင်းစည်းလယ်ယာစနစ် ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေးနှင့် တောင်သူလယ်သမား တစ်ဦးချင်း ကိုယ်ပိုင်အရည်အသွေးမြင့်မားလာစေရန် ကဏ္ဍတစ်ခုခြင်းအလိုက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် အချက်များအပေါ် ရှင်းလင်းမှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ အတွင်းရေးမှူး ဝန်ကြီး ဦးအောင်ဇော်နိုင်က စိုက်ပျိုး သီးနှံများ …

Read More »

ပဲခူးမြို့၊ မြို့တော်ခန်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

ဇွန် ၅ (ပဲခူး) =================================             ဇွန်လ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားရာတွင် အဖွဲ့အစည်းအားလုံးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေ စဉ်းစားထည့်သွင်း လုပ်ဆောင်ကြရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လက်ရှိနှင့်အနာဂတ် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို လေးလေး နက်နက်လုပ်ဆောင်ကြရန် ပြောကြားသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားပြီး တက်ရောက်လာကြသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Video မှတ်တမ်းအား ပြသပေးခဲ့သည်။ …

Read More »