Home / 2018 / June / 07

Daily Archives: June 7, 2018

စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဇွန် ၇ (ပဲခူး) ==================           ဇွန်လ (၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံခန်းမ၌ စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်ဝဒေသအား ခေတ်အဆက်ဆက် ထိန်းချုပ်နိုင်မှု အားနည်းခဲ့ကြောင်း၊ စစ်တောင်းမြစ်သည် မြန်မာနိုင်ငံ၏ အထင်ကရမြစ်များတွင် တစ်စင်းအပါ အဝင်ဖြစ်ပြီး စုစုပေါင်း(၄၂၈)ကီလိုမီတာခန့်ရှည်လျားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှ မြစ်ဖျားခံကာ အရှေ့ဘက်မှ ပေါင်းလောင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်းနှင့် ရွှေကျင်ချောင်း၊ နောက်ဘက်မှ ဆင်သေချောင်း၊ ရုံးပင်ချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ကွင်းချောင်း၊ ရဲနွယ်ချောင်း၊ ဘိုင်းနားချောင်းနှင့် ကောလိယချောင်းတို့ ပေါင်းစုံပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင် သွားကြောင်း၊ စစ်တောင်းမြစ်သည် မြစ်ခွဲများအဖြစ် ပြန်လည်ဖျာထွက်စီးဆင်းမှုမရှိခြင်း၊ မြစ်ဝ၌ ခေါင်းလောင်းပုံ သဏ္ဍာန်ရှိခြင်း၊ ရေချိုစီးဆင်းမှု မြန်ဆန်ခြင်း၊ ဒီရေတက်သည့် ဒဏ်ကိုခံရခြင်းတို့ကြောင့် …

Read More »