Home / 2018 / June / 14

Daily Archives: June 14, 2018

မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

FI

ဇွန် ၁၄ (ပဲခူး) ================================ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ဇွန်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားသမား လူငယ်လူရွယ်များ ချစ်ကြည်ရင်းနှီးမှုရရှိကာ အားကစားအရည်အသွေး ပိုမိုမြင့်မားလာပြီး မိမိကိုယ်စားပြု မြို့နယ်အသင်း၏ ဂုဏ်ကိုဖော်ဆောင်ပေးကြရန်၊ ပဲခူးတိုင်းဒေသကြီး၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း အစဉ်အမြဲတိုးတက်နေစေရန်အတွက် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ပြိုင်ပွဲအသင်းများက အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး သနပ်ပင်မြို့နယ် အမျိုးသားအသင်းနှင့် အုတ်တွင်းမြို့နယ် အမျိုးသားအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အသက်(၂၅)နှစ်အောက် …

Read More »