Home / 2018 / June / 15

Daily Archives: June 15, 2018

စပါး/ငါးတွဲဖက်မွေးမြူပါက တောင်သူများအတွက် ဝင်ငွေတိုးတက်နိုင်သလို တိုင်းပြည်အတွက်လည်း အကျိုးကျေးဇူးရရှိနိုင်ကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

ဇွန် ၁၅ (ပဲခူး) ================================= ဇွန်လ (၁၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမတွင် ပဲခူးတိုင်းဒေသကြီးအတွင်း စပါး/ငါးတွဲဖက်မွေးမြူနိုင်ရေး သြစတေးလျနိုင်ငံအခြေစိုက် ACIAR (Australian Center for International Agricultural Research)၏ အထောက်အပံ့ဖြစ်သော IRRI( International Rice Research Institute) မှ Dr. Alexander Stuart ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Dr. Alexander Stuart က မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးမှ မအူပင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ လက်ပံတန်းမြို့နယ်တို့တွင် စပါး/ငါးတွဲဖက်မွေးမြူရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ရလဒ်ကောင်းများ ရရှိနေသည့်အတွက် ရေတာရှည် မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စုတွင် မြေဧရိယာ(၅)ဧက၌ စပါး/ငါးတွဲဖက်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့ သည်။ ထို့နောက် ဝန်ကြီးချုပ်က …

Read More »

မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအား ကူညီပံ့ပိုးရေးလုပ်ငန်း ဆောင်ရွက်သူများအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဇွန် ၁၅ (ပဲခူး) ================================= ဇွန်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ဥဿာမြို့သစ်၊ Hotel Mariner- II တွင် မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအား ကူညီပံ့ပိုးရေးလုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသောအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးတို့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် World Education Inc မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ခင်မာအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် မိုင်းဒဏ်ကြောင့် ထိခိုက်သူများကို ကူညီနေသည့်အဖွဲ့အစည်းများမှ ပြီးခဲ့သည့်(၃)လပတ်တွင် ဆောင်ရွက်ခဲ့သည့် စီမံချက်များနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ စည်ပင်သာယာရေးနှင့် …

Read More »