Home / 2018 / July

Monthly Archives: July 2018

ဝေါမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ဝန်ကြီးချုပ်သွားရောက်ထောက်ပံ့

FI

ဇူလိုင် ၃၁ (ဝေါ) ========================           ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ မြို့မကျောင်းကြီးဘုန်းတော်ကြီးကျောင်းရှိ ကယ်ဆယ်ရေးစခန်း သို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား အားပေးနှစ်သိမ့်စကား ပြောကြားခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှေ့ဆက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝေါမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၁၃၀၂)၊ လူဦးရေ(၅၈၅၁)ဦး အတွက် တစ်ဦးလျှင်(၂၁၀ဝိ/-)နှုန်းဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာ ဖိုး ငွေ(၁၂၂၈၇၁၀ဝိ/-)နှင့် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားကာ ဆေးဖိုးထောက်ပံ့ငွေ များ ပေးအပ်ခဲ့ပြီး၊ မြစ်ကျိုးကျေးရွာ၊ တာဦးဘုန်းတော်ကြီးကျောင်းနှင့် ဆင်ရွာကျေးရွာ၊ …

Read More »

ကျောက်ကြီးမြို့ ရေဘေးသင့်ပြည်သူများအား အစိုးရအဖွဲ့ အတွင်းရေးမှူးမှ ကူညီထောက်ပံ့

FI

ဇူလိုင် ၃၁(ကျောက်ကြီး) ======================== ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ မြို့တွင်းကျောင်းဓမ္မာရုံ၌ ကျောက်ကြီးမြို့နယ်၊ ရေဘေးသင့်ပြည်သူမျာအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အခြားအလှူရှင်များမှ အလှူငွေများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ကျောက်ကြီးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၂) ခု ဖွင့်လှစ်ထားပြီး နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စု(၃၀)တို့မှ အိမ်ထောင်စု(၈၇၀)စု၊ လူဦးရေ(၃၈၇၄)ဦးတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်အိတ် (၁၆၉.၆) အိတ်၊ တန်ဖိုးငွေ (၄၇၄၈၈၀၀) ကျပ်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ ဝေဖာမုန့် အခြားထောက်ပံ့ပစ္စည်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ အလှူငွေ ကျပ်(၁)သိန်း၊ ဆန်အိတ် (၁၆၅)အိတ်၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အချိုရည်နှင့် အခြားထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေမှူး၊   တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများ လာရောက်လှူဒါန်း

FI

ဇူလိုင် ၃၁(ပဲခူး) ==============           ဇူလိုင်လ  (၃၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးရှိ ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးက အလှူငွေ လာရောက်လှူဒါန်းသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း နှင့် Excellent Fortune Foundation ၏ တာဝန်ရှိသူတစ်ဦးမှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။           Excellent Fortune Foundation မှ အလှူငွေကျပ် သိန်း(၅၀၀)နှင့် ထောက်ပံ့ရေး ပစ္စည်းတန်းဖိုး(၄၅.၅)သိန်း၊ KBZ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ အလှူငွေကျပ် သိန်း(၅၀၀)တို့အား ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ လှူဒါန်းခဲ့ရာ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး၊ အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ရေဘေးသင့်ပြည်သူများအား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ သွားရောက်ကူညီထောက်ပံ့

FI

ဇူလိုင် ၃၀ (ပဲခူး) ==================== ကရင်တိုင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် ရွှေကျင်မြို့ ရွှေတောင်ဦးစေတီရှိ ငါးထပ်ကြီးဘုရားတန်ဆောင်း ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်များ၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ တိုင်တရာကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘုရားကြီးမြို့ ဦးထွန်းသန်းဓမ္မာရုံတွင် ယာယီထားရှိသော ရေဘေးသင့်ပြည်သူများနှင့် ဘုရားကြီးမြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ဖိုးရိက္ခာထောက်ပံ့ခြင်းကို ဇူလိုင်လ (၂၆)ရက်နေ့တွင်လည်းကောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)၊ ရှင်စောပုအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့နှင့် အတူ ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်များ ရေဘူးများနှင့် လိုအပ်သည့်ပစ္စည်းများလှူခြင်းကို ဇူလိုင်လ (၂၇၊၂၈၊၂၉) ရက်နေ့များတွင်လည်းကောင်း၊ ကဝမြို့နယ် လှပေါစာ စားကျက်အတွင်းရှိ စာဖြူစုကျေးရွာနှင့် ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် စားသောက်ကုန်များကို သွားရောက်လှူဒါန်းခြင်းတို့ကို ဇူလိုင်လ (၃၀)ရက်နေ့လည်းကောင်း ကူညီဆောင်ရွက်ခဲ့ပါသည်။

Read More »

တောင်ငူမြို့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

FI

ဇူလိုင် ၃၀ (ပဲခူး) ========================           ဇူလိုင်လ (၃၀)ရက်နေ့၊ မွန်းတည့်(၁၂:၃၀)အချိန်က တောင်ငူမြို့၊ ရွှေဂူကြီးဘုရား၊ ဓမ္မာရုံ၌ တောင်ငူမြို့၊ ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တောင်ငူမြို့ ပြည်သူများမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပသည်။           ရှေးဦးစွာ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက ရေဘေးသင့် ပြည်သူများအား အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိမ်(၆၀) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းမှ ဆန်အိတ် (၅၀)၊ အခြားအလှူရှင်များမှ လှူဒါန်းအသည့် ဆန်အိတ်(၄၀)၊ စုစုပေါင်း ဆန်အိတ်(၁၆၀)နှင့် ဌာနဆိုင်ရာနှင့် အလှူရှင်များမှ လှူဒါန်းသည့် ငွေကျပ်(၁၈၆၀၀၀ဝိ/-)တို့အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။           တောင်ငူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၂)အုပ်စု၊ အိမ်ထောင်စု(၁၀၁၀)၊ လူဦးရေ (၄၂၆၅)ဦးအတွက် ကယ်ဆယ်ရေးစခန်း(၂၃)ခု ဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအတွက် CB Bank KMA Foundationနှင့် အခြားအလှူရှင်များ ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများ လာရောက်လှူဒါန်း

FI

ဇူလိုင် ၃၀(ပဲခူး) ============== ဇူလိုင်လ  (၃၀)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးရှိ ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ရေဘေးသင့်ပြည်သူများအတွက် CB Bank KMA Foundationနှင့် အခြားအလှူရှင်များ ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးက အလှူငွေ လာရောက်လှူဒါန်းသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း နှင့် CB Bank KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ CB Bank KMA Foundation မှ ဆန်အိတ်(၆၅၀)အိတ်၊ ဆီ(၅၇၇၉)ပိဿာ၊ ရေသန့်ဗူး (၅၀၀၀)ကဒ်၊ ခေါက်ဆွဲခြောက် (၂၀၀၀)ဖာ၊ အေးအိတ်(၃၀)အိတ်၊ ငွေကျပ်(၃၅၀)သိန်း၊ KHG Holding Co., Ltd မှ ဦးကြည်စိုးက အချိုရည်ဗူး ဒါဇင်(၁၀၀၀၀)၊ KMA Foundation မှ ထီး(၃၀၀)ချောင်း၊ Wave Plus Co., …

Read More »