Home / 2018 / July / 03

Daily Archives: July 3, 2018

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်

FI

ဇူလိုင် ၃ (ပဲခူး) ========================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့ နံက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ၂၀၁၈ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ပြဌာန်းထားသော ဥပဒေများ ထိရောက်မှုရှိရေးနှင့် လိုအပ်သောဥပဒေများ ရေးဆွဲနိုင်ရေး အကြံပြုဆောင်ရွက်သွားရန်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်၊ အမျိုးသမီးများအနေဖြင့် မိမိကိုယ်မိမိကာကွယ်ပေးထားသော ဥပဒေများနားလည်လာစေရန်နှင့် ဗဟုသုတများ ပြည့်စုံစေရေးအတွက် ဆောင်ရွက်ပေးရန်၊ ကုလသမဂ္ဂမှ ချမှတ်ပေးထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်းဗင်းရှင်းပါပြဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များသည် နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထားသည့်မူဝါဒများဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ …

Read More »