Home / 2018 / July / 04

Daily Archives: July 4, 2018

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၄ (ပဲခူး) ================================ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးအတွင်းမှ ၂၀၁၇-၂၀၁၈ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ပညာရေးဌာန တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတစ်ခုထဲ အောင်ချက်ကောင်းရုံတင်မဟုတ်ဘဲ အခြေခံပညာ မူလတန်း၊ အလယ်တန်းဆင့်တွေမှာ တာဝန်ယူထားကြသည့် ဆရာ/မများနှင့် သင်ယူနေကြတဲ့ ကျောင်းသား/သူတွေကိုလည်း ကြပ်မတ်လမ်းညွှန်ပေးသင့်ကြောင်း၊ အခြေခံကောင်းမှ အသီးအပွင့်ကောင်းရမှာဖြစ်သည့်အတွက် မိမိသင်ကြားရတဲ့ အတန်း၊ဘာသာရပ်တွေကို သင်ရိုးကုန်စင်အောင် သင်ခန်းစာကြေညက်အောင် အတန်းအဆင့်နှင့်အညီ အခြေခံအသိများပါရှိသွားအောင် အဆင့်ဆင့်သင်ကြားပေးလိုက်ဖို့ကလည်း အရေးကြီးကြောင်း ဆရာ/မများ၏ သင်ကြားမှုစွမ်းရည်၊ ဘာသာရပ်ကျွမ်းကျင်ပိုင်နိုင်မှု၊ ကျောင်းသား/သူများအပေါ် စေတနာထား လေ့ကျင့်သင်ကြားပေးမှုများကလည်း အလွန်လိုအပ်ကြောင်း၊ …

Read More »