Home / 2018 / July / 05

Daily Archives: July 5, 2018

ပဲခူးနှင့် ဝေါမြို့နယ်ရှိ လယ်ကွက်များအတွင်း ကျရောက်နေသော ရွှေခရုအား လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းပြုလုပ်

FI

ဇူလိုင် ၅ (ပဲခူး) ================================ ဇူလိုင်လ(၅)ရက်နေ့ နံက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ လယ်ကွက်များတွင် ကျရောက်နေသော ရွှေခရုများအား စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့်အတူ လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က ရွှေခရုအန္တရာယ်နှိမ်နင်းမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာအနီး၊ ကွင်းအမှတ်(၅၃၀-ခ)ရှိ လယ်ကွက်များတွင် ကျရောက်နေသော ရွှေခရုများအား လူထုအားဖြင့် စုပေါင်းကောက်ယူပြီး ရွှေခရုအန္တရာယ်ကင်းဝေးစေရန်၊ ထပ်မံပေါက်ဖွားမှု မရှိစေရန်အတွက် ထုံးပက်ဖြန်းခြင်း၊ ခရုသတ်ဆေးများဖြစ်သည့် မက်တယ်ဒီဟိုက်၊ နီကလိုစာမိုက် စသည့်ဆေးများပက်ဖြန်းခြင်းများ စုပေါင်းပြုလုပ်ကြသည်။ ထို့နောက် ဝေါမြို့နယ်၊ ကွင်းအမှတ်(၆၈၇-က)အတွင်းရှိ ဦးညီညီ၏လယ်အတွင်းရှိ ရွှေခရုများအား စုပေါင်းကောက်ယူခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်ကြသည်။ ရွှေခရုကာကွယ်နှိမ်နင်းခြင်းသည် တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ အဆိုပါရွှေခရုများသည် ရွေ့ပြောင်းစိုက်ပြီး(၁၀-၁၅)ရက်၊ တိုက်ရိုက်အစေ့ချ စိုက်ခင်း(၄-၃၀)ရက်အတွင်း ပျိုးပင်ငယ်စဉ်တွင် …

Read More »

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ဆင်ထိန်းသိမ်းရေးစခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်အစီအစဉ်များ လာရောက်ရှင်းလင်းတင်ပြ

FI

ဇူလိုင် ၅ (ပဲခူး) =============================           ဇူလိုင်လ (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တောဝင်ဟံသာခန်းမသို့ ရဲနွယ်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၉၄)တွင် ဆင်ထိန်းသိမ်းရေးစခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား  မင်္ဂလာမြန်မာကုမ္ပဏီမှ လာရောက်ရှင်းလင်းတင်ပြသည်။           ရှေးဦးစွာ မင်္ဂလာမြန်မာကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ဆင်ထိန်းသိမ်းရေး စခန်းတည်ဆောက်သွားမည့် လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများကိုလည်းကောင်း၊ Dr. Amir Khalil က ဆင်ထိန်းသိမ်းရေး စခန်း တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆောင်ရွက်ခဲ့သည့် လူထုအကျိုးပြုလုပ်ငန်းများကိုလည်းကောင်း၊ ဘီဂျင်းဗိသုကာပညာရှင်မှ ဆင်ထိန်းသိမ်းရေးစခန်း၌ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းရေးဆွဲ ထားမှုကိုလည်းကောင်း အသီးသီးတင်ပြခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ပဲခူးရိုးမတောင်တန်း၊ သစ်တောကြိုးဝိုင်းများနှင့် မြစ်ချောင်းများ ပေါများကြောင်း၊ သဘာဝမှပေးထားသည့် အရင်းအမြစ်များကို မထိခိုက်စေသည့် သဘာဝအခြေခံ …

Read More »