Home / 2018 / July / 08

Daily Archives: July 8, 2018

ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

FI

ဇူလိုင် ၈ (ပဲခူး) =================================== ဇူလိုင်လ(၈)ရက်နေ့ နံက်(၇)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၃)ရပ်ကွက်ရှိ ဥဿ ာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပဲခူးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ သယံဇာတ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်နှင့် သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှုး ဆရာကြီးဦးကျော်ဆင့်၊ ဒုတိယညွှန်ကြားရေးမှုး(စီမံ) ဆရာမကြီးဒေါ်မေသက်နွယ်နှင့် ဆရာ/မများ၊ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘများတက်ရောက်ပြီး ပိတောက်၊ စိန်ပန်း၊ ခရေ၊ ကျွန်း၊ ပျဉ်းမငူ၊ ဗန်ဒါ၊ ကန့်ကော် စသည့် အပင်ပေါင်း(၂၀၀)ကျော်အားစိုက်ပျိုးပေးကြသည်။ ပညာရေးပြက္ခဒိန်ပါ ပညာသင်နှစ်အလိုက် ဇူလိုင်လ ဒုတိယပတ်၏ တနင်္ဂနွေနေ့အား ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့သတ်မှတ်ပြီး တစ်နိင်ငံလုံးအတိုင်းအတာအရ အခြေခံပညာကျောင်းအလိုက် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ …

Read More »