Home / 2018 / July / 10

Daily Archives: July 10, 2018

အသက်(၁၇)နှစ်အောက်(၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

ဇူလိုင် ၁၀ (ပဲခူး) ================================ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် အားကစားကွင်းတွင် ဇူလိုင်လ(၁၀)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် (၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက တောင်ငူခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ပြည်ခရိုင်အသင်းမှ (၄:၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ ဒုတိယရရှိသော တောင်ငူခရိုင်အသင်းအား အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းကလည်းကောင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်းအား ဥပဒေချုပ် ဦးအုန်းမြင့်ကလည်းကောင်း၊ ပွဲစဉ်တလျှောက်နေရာအလိုက် အကောင်းဆုံး အကစားသမားဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပထမတံခွန်စိုက်ဆုဖလား …

Read More »