Home / 2018 / July / 11

Daily Archives: July 11, 2018

စွန့်လွှတ်မြေများ တောင်သူလက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲကျင်းပ

FI

ဇူလိုင် ၁၁ (ကြို့ပင်ကောက်) ================================= ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က သာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများနိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် တောင်သူများသို့ ပြန်လည် ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီး နှင့် တက်ရောက်လာကြ သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းသိန်း၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က ကရင်ချောင်းကျေးရွာဧရိယာ(၁၈၃.၆၀)ဧက အတွင်းရှိတောင်သူ(၂၃)ဦးတို့၏လက်ဝယ်သို့ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပေးအပ်ကြကြောင်းသိရသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၆)၊ …

Read More »

ရေတာရှည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီ များလွှဲပြောင်းပေးအပ်

FI

ဇူလိုင် ၁၁ (ရေတာရှည်) ================================== ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရေတာရှည်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံ ဖိုက်ဘာစက်လှေ(၁)စီးနှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်အား ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ …

Read More »

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

2

ဇူလိုင် ၁၁ ========================= ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က နေပြည်တော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးသည် ရေရှည်မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရေး၊ စစ်မက်ပဋိပက္ခတွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့  မလျှော့တဲ့စိတ်အင်အားနဲ့ ဆက်လက်ကြိုးပမ်းသွားရေး၊ ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရန် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားထုတ်ကြိုးပမ်းသွားရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးမှ ဝန်ကြီးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး နော်ပွယ်စေး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ …

Read More »