Home / 2018 / July / 13

Daily Archives: July 13, 2018

ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၃ (ပဲခူး) ========================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၃)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းမိသားစုများထဲမှ ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်(၆)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့် (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦးတို့အား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှလည်းကောင်း၊ (၁)ဘာသာဂုဏ်ထူးရှင်(၃)ဦးအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှုးဦးအောင်မြင့်ကလည်းကောင်း၊ ရိုးရိုးအောင်မြင်သူ(၁၉)ဦးအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှုးကြီးနှင့် စည်ပင်သာယာကော်မတီဝင်များကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှုးဦးအောင်မြင့်နှင့်မြို့နယ်(၂၈)မြို့နယ်မှအမှုဆောင်အရာရှိများ၊ ဒုတိယအင်ဂျင်နီယာမှုးကြီးနှင့် တာဝန်ခံအင်ဂျင်နီယာများ၊ တိုင်း/ခရိုင်/မြို့နယ် စည်ပင်သာယာကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read More »