Home / 2018 / July / 15

Daily Archives: July 15, 2018

မိုးညိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၅ (မိုးညို) ========================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာပန်းခြံတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်း၊ အမျိုးသားလွှတ်တော်် ကိုယ်စားလှယ် Drဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းကိုနှင့် ဦးအေးကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကမ္ဗည်းမော်ကွန်းကျောက်စာအား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်သည် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသွားလာနေထိုင်ရေး ၊ လုပ်ငန်းခွင်တွင် အဂတိကင်းရှင်းရေး၊ သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေး၊ အခြေခံပညာကျောင်းများ အချိန်မီပြီးစီးရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်သည့်ကိစ္စများ၊ သိမ်းဆည်းမြေကိစ္စများနှင့် ဆည်မြောင်းတာတမံ …

Read More »