Home / 2018 / August / 01

Daily Archives: August 1, 2018

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်တံခါး၊ ကျောက်ကြီး၊ ဖြူးနှင့် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့

FI

သြဂုတ် ၁ (တောင်ငူ) ==================          သြဂုတ်လ (၁)ရက်နေ့၊ မွန်းလွဲပိုင်းအချိန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့နယ်နှင့် တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်း၌ ကျောက်ကြီးမြို့နယ်၊ ကွင်းချောင်းကျေးရွာတွင် ကျောက်ကြီးမြို့နယ်အတွက် အလှူရှင် Tet Nay Ayeya Group Co., Ltdမှ လှူ ဒါန်းသော အလှူငွေ(၃၀)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှဆန်ဖိုးရိက္ခာငွေ(၁၈၂ရဝဝဝိ/)ကျပ်၊ ဖိုက်ဘာစက်လှေ(၁)စီး၊ ကျောက်တံခါးမြို့နယ်အတွက် အစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းတို့ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္က ဌဦးကြည်ဇင်နှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဖိုက်ဘာစက်လှေ စမ်းသပ်မောင်းနင်မှုအား ကြည့်ရှုခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်သို့သွားရောက်ကာ ပျဉ်းမပင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် (၂၁ဝဝိ/-)နှုန်းဖြင့် ဆန်ရိက္ခာဘိုး စုစုပေါင်းငွေ (၁၄၄၁၈၆ဝဝိ/)နှင့် …

Read More »

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပဲခူးတိုင်းဒေသကြီးရေဘေး ကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ လာရောက်

FI

သြဂုတ် ၁ (ပဲခူး) ============================           သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၁၁:၄၀)အချိန်က ပဲခူးတိုင်းဒေသကြီးရေဘေး ကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လာရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေ မှုအခြေအနေများ တင်ပြခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းရှိ ကလေးငယ်များ ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်မှုနှင့် အိမ်သုံးဆေးဝါးများ ထောက်ပံ့ပေးမည့် အခြေအနေများအား ပြောကြားခဲ့သည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အဖွဲ့သည် ပဲခူးမြို့အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အား ကြည်ရှုစစ်ဆေးခဲ့ပြီး၊ ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။           ပဲခူမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃၃)ခု ဖွင့်လှစ်ထားပြီး၊ ရေဘေးသင့် အိမ်ထောင်စု (၅၅၂၈)စုနှင့် ရေဘေးသင့်လူဦးရေ(၂၇၂၉၄)ဦးရှိကြောင်း သတင်းရှိသည်။

Read More »

ကျောက်ကြီးမြို့နယ်၊ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလာရောက်လှူဒါန်း

IMG_3617

သြဂုတ် ၁ (ပဲခူး) =====================             သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၁၁:၄၅)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူးရုံးခန်းသို့ ကျောက်ကြီးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်(၃၀)သိန်းအား Tet Nay Ayeya Group Co., Ltd၊ ဒါရိုက်တာ ဦးဇေယျသန့်စင်မှ လာရောက်လှူဒါန်းခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့က လက်ခံခဲ့သည်။           အဆိုပါ လှူဒါန်းငွေကျပ်(၃၀)အား ဆေးဝါးနှင့်ရေသန့်ပစ္စည်းများအတွက် လှူဒါန်းခြင်း ဖြစ်ပြီး၊ လှူဒါန်းငွေအား ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ်ထံသို့ မွန်းလွဲပိုင်းတွင် တိုက်ရိုက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်သည်။           ကျောက်ကြီးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၂)ခု ဖွင့်လှစ်ထားပြီး နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်စု(၃၀)တို့မှ အိမ်ထောင်စု(၈၇၀)စု၊ လူဦးရေ(၃၈၇၄)ဦးရှိကြောင်း သတင်းရရှိသည်။

Read More »