Home / 2018 / August / 02

Daily Archives: August 2, 2018

လေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်

FI

သြဂုတ် ၂ (ပဲခူး) ================================ သြဂုတ်လ(၂)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်က ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ မဟာဓမ္မိကာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ လေဆင်နှာမောင်း တိုက်ခက်မှုကြောင့် လဲ/ပြိုသွားသော နေအိမ်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက နှစ်သိမ့်အားပေးစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီး ဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှုး ဦးသိန်းဌေးအောင်က ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သောငွေနှင့် ပစ္စည်းများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး လှမျိုးရွှေက လေဆင်နှာမောင်း တိုက်ခက်မှုကြောင့်လဲပြိုသွားသော နေအိမ်(၉၃)လုံး၊ အိမ်ထောင်စု(၉၃)စုအတွက် တစ်စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် (၉၃)သိန်းအားလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှုး ဦးတိုးဝင်းက အမိုးလန်သွားသော နေအိမ်(၂၄၁)လုံးအတွက် တစ်လုံးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ(၇၀၈၀၀၀၀)ကျပ် အားလည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက လဲပြိုသွားသော ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းအတွက် ထောက်ပံ့ငွေ(၅)သိန်းအားလည်းကောင်း၊ …

Read More »

ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၂၀)ခုအား ပိတ်သိမ်း

38164145_449371415542604_8625851032674500608_n

သြဂုတ် ၂ (ပဲခူး) ================================ ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၅၁)ခုအနက် ရေပြန်လည်ကျဆင်းသွားသဖြင့် သြဂုတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးစခန်း(၂၀)ခု ပိတ်သိမ်းလိုက်ကြောင်းသိရသည်။ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်(၃၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၈)ခုတို့သည် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးနစ်မြှုပ့်မှုဖြစ်ပွားခဲ့ရာအဆိုပါ ရပ်ကွက်/ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများနေထိုင်ရန် ဇူလိုင်လ(၂၆)ရက်နေ့မှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကယ်ဆယ်ရေးစခန်း(၅၁)ခု ဖွင့်လှစ်ပေးထားကြောင်းသိရသည်။ ပဲခူးမြို့သည် ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာရောက်ရှိလာလျှင် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများ ရေးကြီးနစ်မြှုပ့်မှု့ဖြစ်ပေါ်လာပြီးယခု သြဂုတ်လ(၁)ရက်နေ့ ညနေ(၆:၃၀)နာရီတိုင်းထွာချက်အရ (၈၂၇)စင်တီမီတာသို့ပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် ရပ်ကွက်(၉)ခုနှင့် ကျေးရွာအုပ်စု(၂)ခုရှိ ကယ်ဆယ်ရေးစခန်း(၂၀)ခုအား သြဂုတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်းသိရသည်။ ပဲခူးမြို့နယ်အတွင်း ယခုလက်ရှိတွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၁၆)ခုတို့၌ ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်း(၃၁)ခု ကျန်ရှိတော့မည်ဖြစ်ပြီး အဆိုပါစခန်းမျတွင် အိမ်ထောင်စု(၆၇၁၈)စု လူဦးရေ(၃၀၂၉၉)ဦးသာ ကယ်ဆယ်ရေးစခန်းများတွင် ကျန်ရှိနေကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများအတွက် အလှူ ငွေများပေးအပ်လှူဒါန်း

FI

သြဂုတ် ၂ (ပဲခူး) ===================== သြဂုတ်လ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားရှိသော ပဲခူးတိုင်းဒေသကြီး ရေဘေးဆိုင်ရာ ကွပ်ကဲရေးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူ ဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင်များက ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူ ဒါန်းရာ ဝန်ကြီးများ၊ ဥပဒေချုပ်၊အစိုးရအဖွဲ့အတွင်းရေးမှုးတို့က လက္ခံရယူကြသည်။ ယခုလှူ ဒါန်းမှုတွင် အစ္စရေးသံအမတ်ကြီးမှ ငွေကျပ်(၂၉)သိန်းခန့်တန်ဖိုးရှိ ရေသန့်စက်(၁)လုံး၊ ဆန်အိတ်(၇၅)အိတ်၊ Huawei Co.Ltdမှ ငွေကျပ်(၅၇၆)သိန်းတန်ဖိုးရှိစားသောက်ကုန်ပစ္စည်းများ၊ ဦးစိုးပိုင် Paing Family International Co.Ltdမှဆန်အိတ်(၁၄၅)အိတ်၊ ရေသန့်(၁၀၀၀)ကတ်၊ ခေါက်ဆွဲခြောက်(၅၀)ဖာ၊ ဦးအောင်ကျော်မိုး IBTC CO.Ltdမှဆန်(၁၄၅)အိတ်၊ ရေသန့်(၁၀၀)ကတ်၊ ခေါက်ဆွဲခြောက်(၅၀)ဖာ၊ Grand Royal Groupမှ ငွေကျပ်သိန်း(၅၀)တန်ဖိုးရှိ ဆန်၊ ရေသန့်၊ ခေါက်ဆွဲ၊အမျိုးသားလွှတ်တော်ဥက္ကဌဦးမန်းဝင်းခိုင်သန်းမိသားစုမှ ငွေကျပ်(၃၅)သိန်း၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်ထမ်းများက ငွေကျပ်(၃၆၀၀၀၀)ကျပ်တို့အားလာရောက်လှူ …

Read More »