Home / 2018 / August / 03

Daily Archives: August 3, 2018

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦး၀င်းသိန်း တက်ရောက်

38454843_1750169855030743_4812212324876156928_n

နေပြည်တော်၊ သြဂုတ် ၃ ======================= နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ် ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီကို လုပ်ငန်းတာဝန် (၁၀)ချက် ချမှတ်ပြီး …

Read More »

သနပ်ပင်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်

FI

သြဂုတ် ၃ (သနပ်ပင်) ================================ သြဂုတ်လ(၃)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှုးရုံး အစည်းအဝေးခန်းမတွင် သနပ်ပင်မြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် လဲ/ပြို နှင့် အမိုးလန်သွားသောနေအိမ်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က နှစ်သိမ့်အားပေးစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သောငွေနှင့် ပစ္စည်းများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်က လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် လဲပြိုသွားသောနေအိမ်(၁၅၀)လုံး၊ အိမ်ထောင်စု(၁၅၀)စုအတွက် တစ်စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် သိန်း(၁၅၀)အားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး လှမျိုးရွှေက အမိုးလန်သွားသော နေအိမ်(၃၁၃)လုံးအတွက် တစ်လုံးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ(၉၃၉၀၀၀၀)ကျပ်အားလည်းကောင်း၊ သယံဇာတ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နေအိမ်လဲပြိုသွားသော အိမ်ထောင်စု(၁၅၀)စု လူဦးရေ(၇၄၉)ဦးအတွက် တစ်ဦးလျှင် ဆန်ဖိုးရိက္ခာ(၂၁၀၀)ကျပ်နှုန်းဖြင့် …

Read More »

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ(၂/၂၀၁၈) အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

နေပြည်တော် သြဂုတ် ၂ ============================= အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ( ၂ / ၂၀၁၈ ) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ …

Read More »