Home / 2018 / August / 04

Daily Archives: August 4, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေ

FI

သြဂုတ် ၄ (ပဲခူး) ============================           သြဂုတ်လ (၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပဲခူးတိုင်းဒေသကြီးတွင် ဇူလိုင်လ နောက်ဆုံးပတ်မှ ယနေ့အထိ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူ များအား ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေရသည်ကို သိရှိရကြောင်း၊ ယခု မိမိတို့လာခဲ့ရခြင်းသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်သလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများ တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် KNU KNLA-PCမှ ဗိုလ်မှုးစောစိုးမင်း(ခ)နှုတ်ခမ်းမွှေး ဦးဆောင်သောအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို(ပညာရေးကွန်ယက်)တို့က အလှူငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်း

FI

သြဂုတ် ၄ (ပဲခူး) ============================== သြဂုတ်လ(၄)ရက်နေ့ နံက်(၁၀)နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် KNU KNLA-PCမှ ဗိုလ်မှုးစောစိုးမင်း(ခ)နှုတ်ခမ်းမွှေး ဦးဆောင်သောအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို (ပညာရေးကွန်ယက်)အဖွဲ့တို့က အလှူ ငွေနှင့်အသုံးအဆောင်၊ အစားအသောက်ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်းကြသည်။ ရှေးဦးစွာ ကရင်ပြည်နယ် ထိုးကော်ကိုး KNU KNLA-PCမှ ဗိုလ်မှုးစောစိုးမင်း(ခ)နှုတ်ခမ်းမွှေး ဦးဆောင်သောအဖွဲ့က ဆန်အိတ်(၁၅၀)နှင့် ဘတ်ရွှေ(နှစ်ကျပ်သား) စုစုပေါင်းတန်ဖိုးငွေ(၅၄)သိန်းအားလည်းကောင်း၊ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို(ပညာရေးကွန်ယက်)မှတဆင့် အလှူရှင်များက ငွေကျပ်(၄၃၃၀၀၀၀)တန်ဖိုးရှိ ပစ္စည်းများအားလာရောက်လှူဒါန်းကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Read More »

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ ဂျပန်နိုင်ငံက လှူဒါန်းသော ဆန်တန်ချိန်(၅၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

FI

သြဂုတ် ၄ (ပဲခူး) =============================== ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးတွင် သြဂုတ်လ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်း(၃)အရေးပေါ် ဆန်ရိက္ခာအစီအစဉ်(၃)အရ ဂျပန်နိုင်ငံမှ လှူ ဒါန်းသော ဆန်တန်ချိန်(၅၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်း(၃)အရေးပေါ် ဆန်ရိက္ခာအစီအစဉ်(၃)အရ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန်(၅၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းထံလွှဲပြောင်းပေးအပ်လှူ ဒါန်းရာ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်တန်ချိန်(၅၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ …

Read More »