Home / 2018 / August / 06

Daily Archives: August 6, 2018

ပြည်နှင့်ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲကျင်းပ

FI

သြဂုတ် ၆ (ပြည်) ==================        သြဂုတ်လ(၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်မြို့၊ မူယာပင်ခန်းမတွင် ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက စွန့်လွတ်လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းသည် တောင်သူလယ်သမားများအတွက် စီးပွားရေး၊ လူမှုရေးများနှင့် တောင်သူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းကြောင့် ဖြစ်ကြောင်း၊ မြေယာကို ရောင်းကုန် တစ်ခုလို စျေးကွက်ဖန်တီနေခြင်းကို မလိုလားပဲ၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမျိုးကို လိုလားကြောင်း၊ တောင်သူလယ်သမားများအတွက် ပုံစံ(၃)မှ တစ်ဆင့် ပုံစံ(၇)ရရှိသည်အထိ ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးမည်ဖြစ်သလို၊ နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်၍ ပြန်ဆပ်ရန်အချိန်ကြရောက်လာပါက မှန်မှန်ကန်ကန် ပြန်လည် ပေးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေသည် စိုက်ပျိုးရေးအတွက်သာ အသုံးပြုရန်ဖြစ်ပြီး အခြားနေရာတွင် အသုံးမပြုကြရန် သတိချပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်း

FI

သြဂုတ် ၆ (ပဲခူး) ================================ သြဂုတ်လ(၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးမှုးရုံးသို့ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် EVER SHINE LADHIO Co.,Ltd မိသားစုမှ လာရောက်လှူ ဒါန်းကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုးဦးတိုးဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ရေကြီးနစ်မြှုပ့်မှုကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိမှု အခြေအနေ၊ အလှူရှင်များမှ လာရောက်လှူဒါန်းမှုနှင့် ပြန်လည်ဖြန့်ဝေပေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် EVER SHINE LADHIO Co.,Ltd မိသားစုမှ စက်လှေ(၁)စီး၊ ဆန်(၃၅၀)အိတ်၊ မိုးကာ(၃၀)ထည်၊ ငါးသေတ္တာ(၃၀၀)ဖာ၊ ခေါက်ဆွဲခြောက်(၄၀၀)ဖာ၊ စားသုံးဆီ(၄၀၀)ဖာ၊ ရေသန့်(၁၄၀၀)ကတ်၊ ဘောကွင်း(၂)ခု၊ အသက်အင်္ကျီ(၃၀)ထည် စုစုပေါင်းတန်ဖိုးငွေ(၄၃၆၁၁၆၀ဝိ/)ကျပ်နှင့် Asia General Transformer Co., Ltd မှ ငွေကျပ် (၁၀)သိန်းတို့အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊  အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် …

Read More »

ပဲခူးမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း

38614701_453204151825997_4415381059240198144_n

သြဂုတ် ၆ (ပဲခူး) ============================= ပဲခူးမြို့နယ်အတွင်းဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း(၅၁)အား ရေပြန်လည်ကျဆင်းသွားသော သြဂုတ်လ(၁)ရပ်နေ့မှစတင်၍ ပိတ်သိမ်းခဲ့ရာ သြဂုတ်လ(၅)ရက် ညနေ(၄)နာရီအချိန်အတွင် ကယ်ဆယ်ရေးစခန်း အားလုံးပိတ်သိမ်းသွားပြီဖြစ်ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် သြဂုတ်လ(၅)ရက်နေ့ ညနေ(၄)နာရီအထိ ကဝမြို့နယ်တွင်ကယ်ဆယ်ရေးစခန်း(၁)ခု၊ ဒိုက်ဦးမြို့နယ်တွင်(၄)ခု၊ ရွှေကျင်မြို့နယ်တွင်(၂၇)ခု၊ ကျောက်ကြီးမြို့နယ်တွင်(၉)ခု၊ ရွှေတောင်မြို့နယ်တွင်(၁)ခု စုစုပေါင်းမြို့နယ်(၅)မြို့နယ်တွင် ကယ်ဆယ်စခန်း(၄၂)စခန်းသာကျန်ရှိပြီး အဆိုပါစခန်းများ၌ အိမ်ထောင်စု(၃၁၉၆)စု၊ လူဦးရေ(၁၅၀၆၁)ဦးစောင့်ရှောက်ထားရှိပြီး ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ သြဂုတ်လ(၅)ရက်နေ့အထိ အလှူငွေ (၁၄၅၉၅၄၄၀၀ိ/)နှင့် ပစ္စည်းမျိုးစုံတန်ဖိုး (၆၅၈၀၈၅၀၀/-)လာရောက်လှူ ဒါန်းရာ လက်ခံရရှိခဲ့ပြီး၊ မြို့နယ်များရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြန်လည်ထောက်ပံ့ကူညီပေးလျက်ရှိကြောင်းသတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

FI

သြဂုတ် ၆ (ပြည်) =======================           သြဂုတ်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက NFPE လုပ်ငန်းသည် အလွန်ထူးကဲမွန်မြတ်သည့် ပညာဒါနဖြစ်သည့်အတွက် မိမိတို့စွမ်းနိုင်သလောက် ပါဝင်ကူညီပေးခြင်းဖြင့် ပညာဒါနရယူကြရန်၊ ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်သည် လူငယ်များအတွက် စွမ်းရည်ထက်သော တီထွင်ဆန်းသစ်မှု တစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်ကာ လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ကလေးများ၏အကျိုး၊ ပြည်သူလူထုအကျိုး ဝိုင်းဝန်းဆောင်ရွက်ပေးရန်၊ ကလေးများအတွက် လမ်းသစ်ကိုဖောက်၊ နည်းစနစ်တည်ဆောက်ပြီး မွန်မြတ်သည့် လုပ်ငန်းများကို ဖော်ဆောင်ရာမှာ တွေ့ကြုံရသော အတွေ့ကြုံကောင်းများ၊ ရင်ဆိုင်ရသော အခက်အခဲများကို ပေါင်းစုဝိုင်းဝန်းဖြေရှင်းကြပြီး စေတနာ၊ မေတ္တာ၊ လုပ်အားတို့ကို ဆက်လက်ဖြည့်စွက် အားထည့်ပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၇-၁၈ ပညာသင်နှစ် …

Read More »