Home / 2018 / August / 08

Daily Archives: August 8, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

FI

သြဂုတ် ၈ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများရှိ ပြည်သူများအသုံးပြုနိုင်ရန် သြဂုတ်လ(၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓဓမ္မဗိမာန်(ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး)သို့ မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ တမိလ်ဟိန္ဒူဖောင်ဒေးရှင်းမှ အလှူငွေကျပ်သိန်း(၅၀)တန်ဖိုးရှိ ဆန်(၉၀)အိတ်၊ ဆီ (၅၀)ဖာ၊ ငါးသေတ္တာ(၄၀)ဖာတို့အား လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်ဖြန့်ဝေပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ အလှူရှင်မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံးရှိ အလှူငွေနှင့် ပစ္စည်းများအား မြို့နယ်အလိုက် ဖွင့်လှစ်ထားရှိသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ်ပို့ဆောင် ပေးလျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သြဂုတ်လ(၈)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်း (၁၇)ခု ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ်ထံသို့ Tae Kwang Myanmar Development Co., Ltd မှ ရေဘေးသင့်ပြည်သူ များအတွက် အလှူငွေလာရောက်လှူဒါန်း

FI

သြဂုတ် ၈ (ပဲခူး) ============================ သြဂုတ်လ (၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် Tae Kwang Myanmar Development Co., Ltd မှ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း  ပြောကြားပြီး၊ Kwang Myanmar Development Co., Ltd, Vice President, Mr. Lee Hyung Jin က လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Kwang Myanmar Development Co., Ltd, Vice President, Mr. Lee Hyung Jin ၊ Managing Director, Mr. Kim Chang …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်​သူများအတွက်​ ရေသန့်စက်​များ စင်္ကာပူနိုင်​ငံမှလာ​ရောက်​လှူဒါန်း

FI

သြဂုတ် ၈ (ပဲခူး) ============================         ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများရှိ ပြည်သူများအသုံးပြုနိုင်ရန် သြဂုတ်လ(၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓဓမ္မဗိမာန်(ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး)  စင်္ကာပူနိုင်ငံမှ Aquayana Pte Ltd , HSL Constructor PYAE Ltd , City Developments Limited Group ( CDL ) , Association of Process Industry ( ASPRI ) private associations များမှ စင်္ကာပူဒေါ်လာ 47500 ( US$ 37000) တန်ဘိုးရှိ Suitcase Saver Water Treatment System (ရေသန့်စက်) (၂)စုံအား လာရောက်လှူဒါန်းခဲ့သည်။          အဆိုပါရေသန့်စက်များအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး …

Read More »

ပဲခူးမြို့၊ ဒီမိုကရေစီကျောက်တိုင် ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

သြဂုတ် ၈ (ပဲခူး) ============================           သြဂုတ်လ (၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ စည်ပင်သာယာရေးပိုင် ပန်းခြံတွင် ကျင်းပပြုလုပ်သည့် ဒီမိုကရေစီကျောက်တိုင် ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစကား ပြောကြားခဲ့သည်။           အဆိုပါ ဒီမိုကရေစီကျောက်တိုင်အား ဟံသာဝတီရပ်ကွက် ဖက်တန်းလမ်းမဘေးရှိ စည်ပင်သာယာပိုင်ပန်းခြံမြေ (၀.၆၂) ဧကခန့်ရှိသောမြေနေရာတွင် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၃ဝဝ) ကျော်အကုန်အကျခံ ဆောက်လုပ်ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးသော အထိမ်းအမှတ်ကျောက်တိုင်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ကြီးမြို့ရှိ ကျောက်တိုင်ပြီးလျှင် ဒုတိယမြောက်အထိမ်းအမှတ် ကျောက်တိုင်ဖြစ်ကြောင်း သိရသည်။

Read More »