Home / 2018 / August / 09

Daily Archives: August 9, 2018

အသားစစ်ဆေးခြင်း သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

FI

သြဂုတ် ၉ (ပဲခူး) ========================== ဩဂုတ်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှုးရုံးတွင် အသားစစ်ဆေးခြင်း(meat Inspection)သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝင့်သူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ အသားစစ်ဆေးခြင်း(meat Inspection)သင်တန်းအား သြဂုတ်လ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ(၃)ရက်ဖွင့်လှစ်မည်ဖြစ်ပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး(၄)ဦး နှင့် မြို့နယ်ဦးစီးမှူး (၂၈)ဦး စုစုပေါင်းသင်တန်းသား/သူ(၃၂)ဦး တက်ရောက်ကာ ၎င်းသင်တန်းသားများမှတဆင့် သက်ဆိုင်ရာမြို့နယ်များ တွင် ဆင့်ပွားသင်တန်း များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Read More »

ပဲခူးမြို့သို့ ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်အား ဝန်ကြီးချုပ် သွားရောက်ဖူးမျှော်

FI

သြဂုတ် ၉ (ပဲခူး) ===================           သြဂုတ်လ (၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီခွဲအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ဖူးမျှော်ရန် ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ကြီးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများမှ သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ဆရာတော်ကြီးနှင့်အတူ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။

Read More »

လက်ကျန်မိုးရာသီတွင် ဆည်/တမံများ မိုးရေထိန်းညှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

FI

သြဂုတ် ၉ (ပဲခူး) ========================              သြဂုတ်လ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ လက်ကျန်မိုးရာသီတွင် ဆည်/တမံများ မိုးရေထိန်းညှိနိုင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။              ရှေးဦးစွာ ဝန်ကြီးချုပ်က မိုးရာသီတွင် ဆည်/တမံများမှ ရေထိန်းနိုင်မည်ဆိုပါက ရေကြီးရေလျှံမှုနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ဒေသ အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ဒါကြောင့် လက်ကျန်မိုးရာသီတွင် ဆည်/တမံအတွင်း ဝင်ရောက်လာမည့် ဝင်ရေများအား ထိန်းသိမ်းနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် ဒီရေအတက်အကျ၊ မြစ်ရေမြှင့်တက်မှု၊ မိုးရေချိန် စသည်တို့ကို အချိန်မလှပ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။                 ထို့နောက် ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တည်ဆောက်ရေး(၁၊၂၊၅၊၉)တို့မှ     လက်ထောက်ညွှန်ကြားရေးမှူးများတို့က ဆည်/တမံများ အတွင်း ရေသိုလှောင်ထားရှိမှု၊ ရေကြီးမှုဖြစ်စဉ်အတွင်း ရေလှောင်တမံများ၌ ရေထိန်းချုပ်ထားမှု၊ ရေပြန်လည်ကျဆင်းသည့်အခါ ရေထိန်းညှိလျော့ချမှုများ အခြေအနေများနှင့် ကျန်သည့်မိုးတွင်း ကာလအတွင်း ဆောင်ရွက်သွားမည့် အစီအမံတို့အား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်

FI

သြဂုတ် ၉ (ပဲခူး) ========================              ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ သြဂုတ်လ(၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ “နမောတဿ     “သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်အမှုးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မှုကြသည်။               ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဝန်ကြီးများ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ …

Read More »

ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲကျင်းပ

FI

သြဂုတ် ၉ (ပဲခူး) ====================            ပဲခူးမြို့ မြို့တော်ခန်းမတွင် သြဂုတ်လ(၉)ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူအများစုသည် အာဟာရချို့တဲ့ခြင်း၊ အာဟာရလွန်ကဲခြင်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များသည် အာဟာရချို့ တဲ့မှုကို အခံစားရဆုံးသောအုပ်စုဖြစ်ကြောင်း၊ အာဟာရချို့တဲ့ရခြင်းသည် အကြောင်းအချက်များစွာအပေါ်တွင် မူတည်နေကြောင်း၊ နိုင်ငံသူ/ သားများ၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအဆောက်အဦတစ်ခုလည်း ဖြစ်ကြောင်း၊ အာဟာရပြည့်ဝမျှတပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာနှင့် မိတ်ဖက် အဖွဲ့အစည်းအသီးသီးတို့ …

Read More »