Home / 2018 / August / 10

Daily Archives: August 10, 2018

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ “ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ”ကျင်းပ

FI

သြဂုတ် ၁၀(ပဲခူး) ================================== သြဂုတ်လ (၁၀)ရက်နေ့၊ နံနက်(၁ဝ)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ပဲခူးမြို့၊ ဥဿာသီရိကျောင်းတိုက်၌ ကျင်းပသည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး သံဃနာကအဖွဲ့ဥက္ကဋ္ဌ၊ ပဲခူးမြို့၊ ဥဿာသီရိကျောင်းတိုက်၊ ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ဘုရားထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ခဲ့သည်။ ဆက်လက်ပြီး လှူဖွယ်ခြင်းနဝကမ္မလှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်းများကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့်ဇနီးကလည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဥဿာသီရိကျောင်းတိုက်ဆရာတော်မှ အနုမောဒနာနှင့် ရေစက်ချ တရားချီးမြှင့်ခဲ့ပြီးနောက် “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းကာ နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ၏ စုစုပေါင်းတန်ဖိုးငွေမှာ (၂၇၉၈၃၀ဝိ/-)ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

FI

သြဂုတ် ၁၀ (ပဲခူး) =============================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ ဒေါ်ကေသီခိုင်က လုမှုဖူလုံရေးနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အာမခံအလုပ်သမား ဦးလှမျိုးကျော်၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၄၅၆၀၀၀ဝိ/)၊ ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဆုစ်စတားအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်ခင်မာရီ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ်(၃၂၁၃၀၀ဝိ/)၊ ပေါင်းတည်မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးအောင်မြင့်ဦး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် …

Read More »

ပြည်သူနှင့်အတူ ဝန်ကြီးချုပ်ကိုယ်တိုင် ရေကြီးနစ်မြှုပ်စိုက်ကွင်းများအတွင်း စပါးမျိုးများ ပြန်လည်စိုက်ပျိုးပေး

FI

သြဂုတ် ၁၀ (ပဲခူး) ================================= ပဲခူးမြို့နယ်၊ မယင်းကျေးရွာအုပ်စု အကျဉ်းဦးစီးဌာန မိုးစပါးစိုက်ကွင်းတွင် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ရေကြီးနစ်မြှုပ်ပျက်စီးသွားသော လယ်မြေများ၌ မိုးစပါးပြန်လည်စိုက်ပျိုးခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက လုပ်ငန်းခွင်လုပ်ကိုင်နေသောဝန်ထမ်းများနှင့် ကောက်စိုက်သမအဖွဲ့တို့အား ကျေးဇူးတင်အားပေးစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးလှမြင့်က ရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ကွင်းများဆုံးရှုံးမှု၊ ပြန်လည်စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးဝန်ထမ်းများ၊ ကောက်စိုက်သမများနှင့်အတူ မယင်းကျေးရွာအနီးရှိ အကျဉ်းဦးစီးဌာနပိုင် မိုးစပါးစိုက်ကွင်းသည် ရေကြီးနစ်မြှုပ်မှုကြောင့်(၄၃)ဧကပျက်စီးသွားပြီး အရန်ပျိုး(ဆင်းသုခမျိုး)ဖြင့် (၁၈)ဧကပြန်လည် စိုက်ပျိုးထားရှိပြီးဖြစ်သည်။ ယနေ့တွင် ကျန်မစိုက်ပျိုးရသေးသော စိုက်ကွက်ဧကများအား စိုက်ပျိုးရေးဦးစီးဌာနမှ Drum Seeder စိုက်စနစ်ဖြင့် (မျိုးစေ့ချကိရိယာဖြင့်) (၁၅)ဧက၊ ပျိုးသက်နုဖြင့်(၁၀)ဧက၊ စုစုပေါင်း(၂၅)ဧကအား ပြန်လည်စိုက်ပျိုးပေးကြပြီး ကောက်စိုက်သမအဖွဲ့နှင့် ဝန်ထမ်းများအား …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

FI

သြဂုတ် ၁၀ (ပဲခူး) ============================         ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများရှိ ပြည်သူများအသုံးပြုနိုင်ရန် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၈နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓဓမ္မဗိမာန်(ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး)သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အလှူငွေ(၁၈၅၅၁၇၅ဝိ/-)တန်ဖိုးရှိ ဆန်မျိုးစုံ(၁၄၃)အိတ်၊ ဆီမျိုးစုံ(၇၈၇၉)ဗူး၊ အချိုရည်(၆၀၀၀)ဗူး၊ ဆပ်ပြာမှုန့်(၁၂၅)အိတ်၊ ဘီစကွတ်(၁၆၁)ထုပ်၊ ခေါက်ဆွဲခြောက် (၂၂၅)ထုပ်တို့အား လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်ဖြန့်ဝေပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံးရှိ အလှူငွေနှင့် ပစ္စည်းများအား မြို့နယ်အလိုက် ဖွင့်လှစ်ထားရှိသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ်ပို့ဆောင် ပေးလျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သြဂုတ်လ(၁၀)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်း(၈)ခု ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

Read More »