Home / ပဲခူးမြို့နယ် / မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပ

မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပ

နိုဝင်ဘာ ၁၄ (ပဲခူး)

======================================

1

တန်‌ဆောင်မုန်းလပြည့်‌နေ့၊ နိုဝင်ဘာလ(၁၄)ရက်‌နေ့၊ နံနက် (၄)နာရီအချိန်က ပဲခူးမြို့၊ ဆု‌တောင်းပြည့်‌ရွှေ‌မော်‌ဓော‌ စေတီ‌တော်ကြီး၌ (၃၅)ကြိမ်‌မြောက် မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပပြုလုပ်သည်။

‌ရှေးဦးစွာ‌ ဂေါပကအဖွဲ့တာဝန်ရှိသူများ၊ ရက်ယန်းလုပ်အား ရှင်များနှင့် ဝတ်အသင်းအဖွဲ့များက‌ ရွှေ‌မော်‌ဓော‌စေတီ‌ တော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ် လှည့်လည်ပူ‌ဇော်ကြ ပြီး ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုးရ အဖွဲ့ဝန်ကြီးများ လွှတ်‌တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပ‌ဒေချုပ်၊ အစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦးတိုးဝင်းနှင့်ဌာနဆိုင်ရာများက‌ ရွှေ‌မော်‌ဓောဘုရားရင်ပြင်‌တော် မုခ်ဦးအသီးသီးတွင် ကိန်းဝပ်စံပါယ်သီတင်းသုံး‌နေ‌တော်မူ‌သော ဗုဒ္ဓရုပ်ပွား‌တော်များအား မသိုးသင်္ကန်း(ကြာသင်္ကန်း)နှင့် ပန်း‌ရေချမ်းဆီးမီး အ‌မွှေးနံ့သာတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့‌နောက်‌ ကျောက်ပန်း‌တောင်းဓမ္မာရုံတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပထမဆုရရှိ‌သော ရှင်‌စောပုစင်‌တော်အဖွဲ့၊ ဒုတိယရရှိ‌သော ယ‌သော်ဓရာစင်‌တော်အဖွဲ့၊ တတိယဆု ရရှိ‌သောဝိသာခါ စင်‌တော်အဖွဲ့တို့အား ဝန်ကြီးချုပ်မှလည်း‌ကောင်း၊ ယှဉ်ပြိုင်ဆုရရှိ‌သော‌ ဂေါတမီစင်‌တော်အဖွဲ့နှင့် ရာဇဓာတုကလျာစင်‌တော်အဖွဲ့တို့အား လွှတ်‌တော်ဥက္ကဌမှလည်း‌ကောင်း၊ ပထမ၊ ဒုတိယ၊ တတိယရရှိ‌သောအဖွဲ့တို့မှ တစ်ဦးချင်းလုပ်အားရှင်ဆုများကို စည်ပင်သာယာ‌ရေးနှင့်လူမှု‌ရေးဝန်ကြီးမှလည်း‌ကောင်း၊ ယှဉ်ပြိုင်ဆုရရှိသည့် အသင်းများမှ တစ်ဦးချင်းလုပ်အားရှင်ဆုများကို သယံဇာတ၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦး‌ကျော်မင်းစံနှင့် စိုက်ပျိုး‌ရေး‌၊မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦး‌အောင်‌ဇော်နိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ‌ ပေးအပ်ချီးမြှင့်ကြသည်။

ယင်း‌နောက် ဗုဒ္ဓသာသနံစီရံတိဌတုသုံးကြိမ်ရွတ်ဆိုဆု‌တောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့‌သည်။

Leave a Reply