Home / ကဝမြို့နယ် / UNDP ကိုယ်စားလှယ်များနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်

UNDP ကိုယ်စားလှယ်များနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီ ၃၁ (ပဲခူး)

============================

          (၃၁.၁.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာနှင့် UNDP မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

          အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့ပြီး၊ UNDP မှ Country Director, Mr. Peter Batchelor မှ UNDP လုပ်ငန်းစဉ်များ၏ နောက်ခံသမိုင်းကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ခဲ့သည်။

          ဆက်လက်ပြီး ကဝမြို့နယ်၊ စီမံကိန်းရေးဆွဲရေးဦးစီးမှူးက ကဝမြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၁၇-၂၀၁၈ မြို့နယ်စီမံကိန်းရေးဆွဲထားရှိမှု အခြေအနေအားလည်းကောင်း၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးမှ ကဝမြို့နယ် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အစီအစဉ်အပေါ် ဒေသ၏ လိုအပ်ချက်များ အား တင်ပြခဲ့သည်။

          ယင်းနောက် UNDP မှ Ms. Anki မှ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ်မှ ရရှိသော အချက်အလက်များအပေါ် အခြေခံ၍ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများကိုလည်းကောင်း၊ ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် အဓိကလိုအပ်သည့် စီမံကိန်းဆိုင်ရာအချက်လက်များအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံနှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်တို့မှ တင်ပြဆွေးနွေးခဲ့ကြပြီး၊ တက်ရောက် လာသည့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

Leave a Reply