Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 20)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပ

FI

ဇွန် ၁၂ (ပဲခူး) =============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှု လျော့နည်းကျဆင်းရေး အသိပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခင်က မိုးရာသီမှသာဖြစ်ပွားလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားမှုရှိလာပြီး ဇွန်၊ ဇူလှိုင်နှင့်သြဂုတ်လများတွင် ဖြစ်ပွားမှုပိုမိုများပြားနိုင်သဖြင့် ယခုအချိန်မှစတင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများသာမက လူမှုရေးအဖွဲ့အစည်းများ၊ မြို့သူမြို့သားများအားလုံး ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေးတိတိကျကျ မရှိသေးသောကြောင့် ရောဂါကြိုတင်ကာကွယ်ရေးသည် အလွန်အရေးကြီးကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်းကျောင်းသူ/သားများမှာ အဖြစ်များသည့်အတွက် ပညာရေးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ ကျောင်းများမှာ ပညာပေးဟောပြောပွဲများပြုလုပ်ပြီး ပညာပေးအချက်အလက်များကို “ကလေးမှကလေး”၊ “ကလေးမှမိဘထံ”သို့ ဖြန့်ဝေပေးဖို့လိုကြောင်း၊ …

Read More »

အဘယသန္တိသုခ မဟာမုနိ ရုပ်တော်မူရုပ်ပွားတော်မြတ်ကြီးအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ဖူးမျှော်ကြည်ညို

6

ဇွန် ၁၀ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၁)မိုင်၊ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ပရဝုဏ်တွင် ကိုးကွယ်ပူဇော်မည့် အဘယသန္တိသုခ မဟာမုနိ ရုပ်တော်မူရုပ်ပွားတော်မြတ်ကြီးအား ဇွန်လ(၁၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ဖူးမျှော်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ကြီး၏ အရပ်(၁၀)မျက်နှာ မေတ္တာပို့ကဗျာများနှင့် ဗုဒ္ဓပူဇာတေးသံသာဖြင့် သီးကျူးပူဇော်၍ အဘယသန္တိသုခ မဟာမုနိ ရုပ်တော်မူရုပ်ပွားတော်မြတ်ကြီးအား ယာယီစံကျောင်းသို့ ပင့်ဆောင်ခဲ့ကြပြီး နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားတော့ကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ပွားချီးမြှင့်တော်မူခဲ့ပြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်များထံမှ အနုမောဒနာတရားနာကြားကြပြီး ရေစက်သွန်းချ အမျှဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်အနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာ၊ …

Read More »

ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော လူ့အသိုက်အဝန်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဇွန် ၈ (ရေတာရှည်) ========================= ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ တုံးကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇွန်လ (၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ ပြည်သူတွေကြားတွင် ရှိသော ပြဿနာရပ်များ၊ အခက်အခဲများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ကူးပြောင်းရာမှာ ပြည်သူများအနေဖြင့် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်တက်သော ဒီမိုကရက်တစ် အခြေခံအသိတရားရှိရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ပါးစပ်နှင့်ပြောနေသော ဒီမိုကရေစီဝါဒမဟုတ်ပဲ အမှန်တကယ် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ရဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်တစ်ခုဖြစ်သော ဒီမိုကရေစီ၏ အခြေခံရေသောက်မြစ်ဖြစ်သည့် ပညာရေးစနစ်အား …

Read More »

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ (၂၀၈၆၈)ဦးအောင်မြင် ဂုဏ်ထူး(၃၀၀၀)ဦးရရှိ

FI

ဇွန် ၈ (ပဲခူး) ======================= ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထွက်ရှိရာ ပဲခူးတိုင်းဒေသကြီးမှ(၂၀၈၆၈)ဦးအောင်မြင် ဂုဏ်ထူး(၃၀၀၀)ဦးရရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိစာဖြေဌာနများနှင့် မြို့နယ်ပညာရေးမှူ းရုံးများတွင် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကပ်ထားပေးရာ ကျောင်းသား/သူများနှင့်မိဘဆွေမျိုးညီအကိုမောင်နှမများက လာရောက်ကြည့်ရှုပေးကြသည်။ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးရှိ စာဖြေဌာန(၁၆၁)ခုတို့တွင် ကျောင်းသား/သူ(၇၅၂၂၆)ဦး ဝင်ရောက်ဖြေဆိုရာ (၂၀၈၆၈)ဦး အောင်မြင်မှုရရှိသည်။ အောင်မြင်သူများအနက်မှ (၆)ဘာသာဂုဏ်ထူး(၃)ဦး၊ (၅)ဘာသာဂုဏ်ထူး(၂၁)ဦး၊ (၄)ဘာသာဂုဏ်ထူး(၅၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၁၃၆)ဦး၊ (၂)ဘာသာဂုဏ်ထူး(၃၂၄)ဦး၊ (၁)ဘာသာဂုဏ်ထူး(၂၄၆၄)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၃၀၀၀)ဦး ရှိကြောင်းသိရသည်။ ထို့အတူ ပဲခူးမြို့နယ်တစ်ခုလုံးအနေဖြင့် ကျောင်းသား/သူ(၈၀၄၀)ဦးဝင်ရောက်ဖြေဆိုရာ (၂၆၆၉)ဦးအောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့်(၃၃.၂၀)% အောင်မြင်မှုရရှိသည်။ အောင်မြင်သူများအနက်မှ (၅)ဘာသာဂုဏ်ထူး(၅)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၃)ဦး၊ (၃)ဘာသာဂုဏ်ထူး(၂၈)ဦး၊ (၂)ဘာသာဂုဏ်ထူး(၅၅)ဦး၊ (၁)ဘာသာဂုဏ်ထူး(၃၀၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ(၄၀၇)ဦးရှိကြောင်းသိရသည်။

Read More »

သဘာဝပါတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးပေး

FI

ရေတာရှည် ဇွန် ၈ =================== ဇွန်လ(၈)ရက်နေ့ နံနက်(၇:၃၀)အချိန်က ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ အလက(ခွဲ)ကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သစ်ပင်များ စိုက်ပျိုးပေးကြောင်း သတင်းရရှိသည်။ အဆိုပါကျောင်း၌ ကျွန်း၊ ပျဉ်းကတိုး၊ သပြေ၊ စိန်ပန်း၊ သရက်၊ ငှက်ပျော အစရှိသောသစ်ပင် ပျိုးပင်ပေါင်းများစွာ ပါဝင်သော အပင်(၁၉၆၀)ပင်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးများရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းသားကျောင်းသူနှင့် ဒေသခံပြည်သူများ (၃၀၀)ဦးခန့် တက်ရောက်စိုက်ပျိုးကြကြောင်း သိရသည်။

Read More »

e-Government System နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

FI

ဇွန် ၇ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ ရုံးခန်း၌ ဇွန်လ (၇)ရက်နေ့၊ မွန်းလွဲ(၃:၃၀) အချိန်က e-Government System နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် ကျင်းပပြုလုပ်သည်။ ရှေးဦ:စွာ ဝန်ကြီး ဒေါက်တာစောညိုဝင်းက e-Government System နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်၌ ဆောင်ရွက်နေသည့် ပုံစံ၊ Data Server သုံးစွဲရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များအား ပြောကြားခဲ့သည်။ ထို့နောက် Host Myanmar Co., Ltd. Managing ဦးကျော်စွာသန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် e-Government စနစ်၏ အခြေခံဖြစ်သော e-Office စနစ် ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံ၍ အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၄)ခုတို့အား VPN (Virtual Private Network) ချိတ်ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ …

Read More »

နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၉)သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

1

ဇွန် ၇ (နေပြည်တော်) ============================= ဇွန်လ (၇)ရက်နေ့၊ နံနက် (၉)နာရီအချိန်က နေပြည်တော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၉)သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် Slow Sand Filter နည်းဖြင့် ရေသန့်စင်၍ ရေပေးဝေလျက်ရှိနေမှုအခြေအနေ၊ ဆည်တမံများမှတစ်ဆင့် စိုက်ပျိုးရေးအပြင် သောက်သုံးရေပါ ဖြန့်ဝေပေးသွားမည့် အစီအစဉ်၊ ဝေါ၊ သနပ်ပင်၊ ကဝစသည့် မြို့နယ်များတွင် သောက်သုံးရေကန်များအား ပြန်လည်တူးဖော်ပေးခြင်း၊ ကန်ပတ်လည် သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားမှု အခြေအနေ၊ မြို့ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ သီးခြားဘတ်ဂျက် ရေးဆွဲတင်ပြ ဆောင်ရွက်သွားမည့် အခြေအနေ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများတွင် မိုးရေအား  စနစ်တကျသိုလှောင်၍ သုံးစွဲနိုင်ရေး အသိပညာပေး …

Read More »

ပဲခူးမြို့တွင် ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

FI

ဇွန် ၅ (ပဲခူး) ================= ပဲခူးမြို့ မြို့တော်ခန်းမတွင် ဇွန်လ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက လူသားများအားလုံးမှီတင်းနေထိုင်ကြသည့် ကမ္ဘာကြီးရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေဖို့၊ ပစ္စုပ္ပန်နဲ့အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီးသန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်ကိုလက်ဆင့်ကမ်းပေးနိုင်ဖို့၊ လေထုညစ်ညမ်းမှုကိုလျော့ချဖို့၊ သန့်စင်သောလောင်စာသုံးစွဲဖို့၊ အစိမ်းရောင်နည်းပညာများ ပိုမိုကျယ်ပြန့်စွာသုံးစွဲဖို့နဲ့ အခြားနည်းလမ်းများရှာဖွေဖော်ထုတ်ဖို့တို့ကို အစိုးရအဖွဲ့အစည်းတွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေအတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ “သန့်စင်သောလေ ရှူ ရှိုက်ဖို့ လေထုညစ်ညမ်းမှုကိုတိုက်ဖျက်စို့” ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်သူလူထုအားလုံး အသိစိတ်ဓာတ်ရှိရှိဖြင့် တက်တက်ကြွကြွကြိုးပမ်းဆောင်ရွက်သွားရန် အမှာစကားပြောကြားသည်။ ထို့နောက်ကုလသမဂ္ဂအတွင်းရေးမှူ းချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကဖတ်ကြားပြီး ထုတ်ပြန်ပြီးသည့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ ဗဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်မှချမှတ်ထုတ်ပြန်ပြီးဖြစ်ပါကြောင်း အသိပေးကြေငြာခြင်းကို ကဆောင်ရွက်သည်။ ယင်းနောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ပါဝင်သွားသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇွန် ၃ (ပဲခူး) ========================== ဇွန်လ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာ ပေ(၁၀၀)ပတ်လမ်းအတွင်း ပါဝင်သွားသည့် သီးနှံများနှင့် နှစ်ရှည်ပင်များအတွက် သင့်လျော်သည့် နစ်နာကြေးပေးလျော်ခြင်းကို ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ကြောင်း၊ ပြဿနာသည် နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပေါ်နေသည့် ပြဿနာများကို အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပြီး မျက်နှာချင်းဆိုင် လာရောက်ဖြေရှင်းပေးရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရသည် လူသားဝါဒကို အခြေခံပြီး ပါဝင်ပတ်သက်သူများအားလုံး ညှိနှိုင်းပေါင်းစပ် အဖြေရှာသည့် စနစ်ပင်ဖြစ်ကြောင်း၊ ယခုလိုလာရောက်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအတွက် မိမိတို့အစိုးရမှ ဆောင်ရွက်ပေးရမည့် (သို့မဟုတ်) ညှိနှိုင်းပေးရမည့် အချက်အလက်များကို သိရှိနိုင်ပြီး ပြည်သူများမှလည်း ဘယ်လိုပူးပေါင်းညှိနှိုင်း အဖြေရှာရမည်ကို သိရှိနိုင်စေရန်လည်းကောင်း၊ …

Read More »

ပြည်တွင်းထုတ်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

FI

မေ ၃၁ (ပဲခူး) ====================== မေလ (၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သား၊ ဝက်သား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များအား ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး Myanmar C.P Livestock Co., Ltd မှ ဒေါက်တာမျိုးသန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Myanmar C.P Livestock Co., Ltd. Coordinator ဦးအောင်မျိုးမြတ်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် Village Fund Project ဖြင့် ကြက်မွေးမြူရေးနှင့် ဝက်မွေးမြူရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေအား Video Clip ဖြင့်လည်းကောင်း၊ Vice President ဒေါက်တာမျိုးသန့်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့နယ်များရှိ ကျေးရွာ(၃၂)ရွာတွင် မွေးမြူရေးနှင့် …

Read More »