Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 29)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

သာယာဝတီ ဇွန် ၂၀ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၁၉)ရက် နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု ၌ မိုးစပါးဧက(၁၀၀) တင်း(၁၀၀)ထွက်ရှိရေး ဘောင်စနစ်ဖြင့် ဗီယက်နမ်မျိုးစပါး ပျိုးထောင်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအား မြေယာပြုပြင်စရိတ်၊ သွင်းအားစုနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာ၌ နိုင်ငံ့ စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးအေးစိုး၏ ဘက်စုံမွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တိရိစ္ဆာန်အစာ အစားထိုး နေဗီယာမြက်စိုက်ပျိုးနိုင်ရေး၊ ငါးကန်ဘောင်များတွင် တန်ဖိုးမြင့်သစ်ပင်များစိုက်ပျိုးရန်နှင့် ဒေသကြက် တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့်  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …

Read More »

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိ

ပဲခူး ဇွန် ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ သက်သာသော နှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ရောင်းချပေးသည့် ဈေးဆိုင်များအား အမိုးအကာ များဖြင့် စနစ်တကျ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်၊ နေ့စဉ် …

Read More »

သဘာဝသယံဇာတငါးမျိုးများ စီးပွားဖြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်

ပဲခူး ဇွန် ၁၆ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် အသား/ငါး/ဥ စားသုံးမှု ဖူလုံ ပိုလျှံမှုရှိစေရေးနှင့် စားသုံးသူထံ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ရောင်းချနိုင်သည့် အခွင့်အလမ်းများ ဖန်တီး ပေးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒေသအလိုက် မွေးမြူသူအစုအဖွဲ့များ ဖွဲ့စည်း၍ တိုးချဲ့မွေးမြူ နိုင်ရေးနှင့် နေဗီယာမြက်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိရိစ္ဆာန်အစာဈေးကြီးမြင့် မှုအပေါ် ပြန်လည်ကုစားနိုင်ရန်အတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် မွေးမြူသူကိုယ်တိုင် ထုတ်လုပ် သုံးစွဲနိုင်ရေး သုတေသနလုပ်ငန်းများ တွဲဖက်ဆောင်ရွက်ရန် လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မေလမှ ဇူလိုင်လအထိ ငါးမဖမ်းရရာသီဖြစ်ပြီး ငါးရစ် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသတွင်း မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇွန် ၁၅ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဒေသတွင်း မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ သာယာအေးကျေးရွာရှိ ဦးတင်ဦး၏ အသားတိုးဝက်(DYL) အကောင်ရေ(၂၁၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်နေပြည်သူ များနှင့် အကျိုးတူပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊ ပဲခူးမြို့နယ်တွင် မွေးမြူရေး ဇုန်တစ်ခု ဖော်ထုတ်မည်ဖြစ်၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပြီး တိရိစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေး ရန်နှင့် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

အခြေခံစားကုန်များ အဆင့်ဆင့်ပြန်လည်ရောင်းချမှုမရှိစေရန် မြို့နယ်အလိုက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ တိုက်ရိုက်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၁၄ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်း က တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း အခြေခံစားကုန်ပစ္စည်းများ သင့်တင့် သော ဈေးနှုန်းများဖြင့် ရောင်းဝယ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံနိုင်ရေး စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးသည် အရေးကြီးကြောင်း၊ မြို့နယ်အလိုက် အခြေခံလူတန်းစားများ ကုန်ဈေးနှုန်းကြီးမြှင့်မှု သက်သာနိုင်စေရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်ရောင်းချနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စီးပွားရေးကုန်သည်များအနေဖြင့် အခြေခံစားကုန်များဖြစ် သည့် ဆန်၊ ဆီနှင့် ဆေးဝါးများ သိုလှောင်မှုမရှိစေရေး ကြီးကြပ် စစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ …

Read More »

မျိုးစေ့မှန်၊ စိုက်ချိန်မှန်၊ ရိတ်သိမ်းချိန် မှန်ကန်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၁၃ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်း က၂၀၂၃-၂၀၂၄ ခုနှစ်၊ (၁)သီး၊ (၂)သီး၊ (၃)သီး စိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရန် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် စိုက်ပျိုးရေးလုပ်ငန်းသည် အဓိကအခြေခံကျသဖြင့်  မျိုးစေ့မှန်၊ စိုက်ချိန်မှန်၊ ရိတ်သိမ်းချိန် မှန်ကန်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ (၃)သီးစိုက်ဧကများဖြစ်သည့် နွေစပါးနောက်ကျသော ဒေသများတွင် မိုးစပါး အချိန်မီစေရေး ကြိုတင်ပျိုးထောင်ထားရန်လိုအပ်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်ဝင်ပြီး သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ (၁)သီးမှ (၂)သီး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/ သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇွန် ၁၂ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက မေတ္တာသုတ် …

Read More »

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့် ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၀ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၉)ရက်နေ့၊ မွန်းလွဲ ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့် ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ(၂၂)ရက်နေ့တွင် ပဲခူးမြို့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအား လုပ်ငန်း လမ်းညွှန်အဖြစ်ခံယူ၍ အကောင်အထည်ဖော်‌ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ အမှန်တကယ်တိုးတက် အောင်မြင်မှုများရရှိစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တစ်နှစ်(၃)သီး စိုက်ပျိုးသည့်ဒေသများတွင် သီးနှံစိုက်ချိန်၊ ရိတ်သိမ်းချိန် မှန်ကန်မှုရှိစေရေး လိုအပ်ချက်များ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ပြီး ရေကြီးရေနက်ကွင်းများတွင် (၁)သီးစိုက်ပျိုးရာမှ သီးထပ်(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေရရှိရေး နည်းလမ်း …

Read More »

သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၉ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၉)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ဒေသထွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကုန်ကြမ်းပစ္စည်း များဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ ဒေသ တွင်း MSME ထုတ်ကုန်များ ရေရှည်အာမခံချက်နှင့် ဈေးကွက်ရရှိစေရေး ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို ထိရောက်စွာတားဆီး ဆောင်ရွက်သွားရမှာဖြစ်သလို သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး တွင်တွင်ကျယ်ကျယ် ထုတ်လုပ်စားသုံး နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ ဒေသထွက် …

Read More »

ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၈ ========== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ ဗထူးလမ်းရှိ ကမ္ဘောဇဟင်္သာဟိုတယ်တွင် ဇွန်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကူးစက်ရောဂါကပ်ဘေးများတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာလုပ်ငန်းများကို ချက်ခြင်း တုံ့ပြန်၍ ရှေးဦးပြုစုခြင်းလုပ်ငန်းများကို အထူးအလေးထား လုပ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင်တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်းပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကြက်ခြေနီမောင်မယ်များအနေဖြင့် …

Read More »