Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 3)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၂၇ =================           ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ် ငါးရိက္ခာဖူလုံပိုလျှံနိုင်ရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းပညာတို့သည် အဓိကအရေး ကြီးသော လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နှင့်ပတ်သက်၍ သိရှိနားလည်စေရန်နှင့် မျိုးငါးရွေးချယ်ခြင်း၊ ငါးမှုန်ငါးသန်ပြုစုခြင်း၊ ငါးများအစာကျွေးခြင်း၊ ငါးရောဂါနှင့် ရေအရည်အသွေးတိုင်းတာ ခြင်းများအပြင် အသားတိုးငါးမွေးမြူခြင်းစသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွား မှာဖြစ်ပြီး သင်ကြားရေးအတွက် ကျယ်ဝန်းသန့်ရှင်းပြီး သက်တောင့်သက်သာ သင်ကြားနိုင်ရေးအတွက် ရှင်းလင်းဆောင်ကိုလည်း တိုင်းဒေသကြီး အစီအစဉ်ဖြင့် တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းခွင် အတွင်းမှ ထုတ်လုပ်ရရှိသည့် ငါးများကိုအခြေခံ၍ တန်မြှင့်ထုတ်ကုန်များဖြစ်လာစေရန် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဖေဖော်ဝါရီ ၂၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၁၀၀) စုပေါင်းဓါတ်မြေဩဇာကြဲပက်ခြင်းနှင့် သမန်းနှိုးခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ကန်ရိုးကျေးရွာ၌ ဦးနိုင်နိုင်ကျော်၏ တန်ဖိုးနည်း ဒေသထွက်ကုန်ဖြစ်သော ရွဲယိုသီး၊ ပျဉ်းမရွက်၊ ပဲပိုးတီ၊ ဓနိဖူး၊ ရှဉ့်မတတ်၊ ချဉ်ပေါင်ဖာလာ၊ ကြက်ဆူရွက်၊ ကြောင်လျာသီးအစေ့၊ ပိန်းရိုး၊ ဝါးနှီး စသည့်တို့ကို အခြောက်ခံ၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့နေသည့် အလုပ်ရုံနှင့် ကောင်းစစ်သွေး ငါးရှဉ့်ပွဲရုံများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း …

Read More »

ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၅ ==============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ သည် ၁၉၅၉ ခုနှစ်ကတည်းက စတင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ခေတ်ကာအလအညီ ပြန်လည်ရေးဆွဲခဲ့ပြီး ယခု အချိန်မှသာ အာဏာတည်သက်ရောက်ခဲ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခင်ကာလများတွင် ကျင့်သုံးခဲ့ခြင်းမရှိသော်လည်း ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိတာနှင့်အညီ စစ်ပညာသင်ကြားဖို့နဲ့    နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ရှေးယခင်ကာလကတည်းက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၅ ============ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ယမန်နေ့၊ ညနေပိုင်းက ၂၀၂၄ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၃၅၀၀) ကျော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့် ပတ်သက်၍ သိကောင်း စရာများကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များကိုလည်းကောင်း ဖတ်ကြားရှင်းလင်းခဲ့သည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားအား အဆိုပါရုံးရှိ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် MSMEs လုပ်ငန်း များက အမယ်စုံထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ထုတ်လုပ်သည့် ကုန်ပစ္စည်းများတိုင်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်ပိုးစနစ်များ အဆင့်မြှင့်တင်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း MSMEs လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ ပြည်တွင်းထုတ်လုပ်မှုမြင့်မားခြင်း၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ခြင်း၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ကုန်ကြမ်းပစ္စည်းတင်ပို့မှုအစား တန်ဖိုးမြှင့်ပို့ကုန် များ တင်ပို့လာနိုင်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများ ပို့ကုန် စွမ်းအားမြှင့်တင်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ဒေသထွက်ကုန် …

Read More »

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၂ =============           ပဲခူးမြို့ရှိ ရှေးမင်းများအဆက်ဆက်၊ သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့ သည့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။           ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ် ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာ ထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် …

Read More »

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဖေဖော်ဝါရီ ၂၁ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၅)ကြိမ်မြောက် လစဉ် (၂၁)ရက်နေ့ရောက်တိုင်း  ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်၊        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အခြေခံ စားသုံးကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် အမယ်စုံရောင်းချပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ …

Read More »

နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးလျက်ရှိ

ပဲခူး ဖေဖော်ဝါရီ ၂၀ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနေမှုအား ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့၊ မြို့ပေါ်ဈေးများမှ ဈေးသူ/ဈေးသားများနှင့် ပြည်သူများက ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အားပေးစာလွှာများအား လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့နောက် စားသောက်ဖွယ်ရာများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များ စုပေါင်း၍ ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ပေးပို့မည့် မော်တော်ယာဉ်များပေါ်သို့ တင်ပေး ခဲ့ကြကြောင်း သိရှိရသည်။           ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၉ ================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂွေးချောင်းကျေးရွာ အုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း အထွက်နှုန်းကောင်း နွေစပါး(၁၅၀)ဧက စုပေါင်းဓါတ်မြေဩဇာကြဲပတ် နေမှုနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်စိုက်နည်းစနစ်များအတိုင်း အချိန်မှန်ဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်း ကျော်လွန်နိုင်မည်ဖြစ်၍ ကျေးရွာများအလိုက် ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ ရှိ ဦးရဲလင်းစိုး၏ “ပြည်ကျော်”တန်(၈၀)ကျဆန်စက်၌ ပဲခူးတိုင်းဒေသကြီး၏ စက်မှုထုတ်ကုန်တစ်ခုဖြစ်သော Gasifier စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေးစက်ဖြင့် ဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံများအား ထင်းအစားထိုး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

မိုးညို ဖေဖော်ဝါရီ ၁၈ ================              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ မွန်းပိုင်းက မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။               ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စုရှိ ဦးစိန်လှိုင်၏ ငါးမွေးမြူရေးကန် မြေဧရိယာ (၁၇၁)ဧက၌ ငါးမြစ်ချင်း၊ မြက်စားငါးချင်းနှင့် ငါးမုတ် စုစုပေါင်းကောင်ရေ (၁၈၀၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။                   ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ ဗောဓိကုန်း ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး တုံကင်သုံးရေတွင်း (၁၂၉)တွင်း တူးဖော်ပေးခဲ့မှုအပေါ် တစ်ကွင်းတစ်ဆက်တည်း အစေ့ထုတ်ပြောင်း မြေဧရိယာ(၁၇၆၀)ဧက  စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီးစိုက်ဧကများ တိုးတက်စေရန် စိုက်ပျိုးရေရရှိရေး …

Read More »