Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 30)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

တောင်ငူမြို့တွင် ကျင်းပသောလူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၇ (တောင်ငူ) ================ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က တောင်ငူမြို့၌ ၂၀၁၈ခုနှစ် လူထုအားကစားလ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တောင်ငူပညာရေးကောလိပ်မှဆရာ/မများနှင့် ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၂၆၇၉၀)ဦးတက်ရောက်ပြီး မင်းကြီးညိုရုပ်ထုရှေ့မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ၎င်းမှတစ်ဆင့် မိုင်ဒါကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည့််အပြင် မိုင်ဒါကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)တို့ကိုစုပေါင်းလုပ်ဆောင်ကြသည်။ ထို့အတူ ပဲခူးမြို့တွင်လည်း လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၅၄၉၇)ဦးဖြင့် စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယခင်နှစ်များက …

Read More »

လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာဖွင့်ဖေါက်မှတ်တမ်းတင်ခြင်း အခမ်းအနားကျင်းပ

FI

ဒီဇင်ဘာ ၇ (ပဲခူး) ==================        ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာအဆိုပြုလွှာ ဖွင့်ဖေါက်မှတ်တမ်းတင်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လုပ်ငန်းတင်ဒါနှင့် ပစ္စည်းတင်ဒါကော်မတီဥက္ကဌ ဦးသန်းဝင်းက လုပ်ငန်းတင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး(မြို့ပြ)၊ လုပ်ငန်းတင်ဒါနှင့် ပစ္စည်းတင်ဒါကော်မတီအတွင်းရေးမှုး ဦးဇော်ထွန်းက  Financial Proposal (Envelop B)ဖွင့်ဖေါက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်များအတွင်းရှိ လမ်းဦးစီးဌာနမှ လုပ်ဆောင်မည့်လုပ်ငန်းများနှင့် လမ်းအထူးအဖွဲ့(၁၅)မှ လုပ်ဆောင်မည့်လုပ်ငန်းများအတွက် Financial Proposal (Envelop B)ဖွင့်ဖေါက်ခြင်းကို တက်ရောက်လာကြသူများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖေါက်ခြင်းပြုလုပ်ကြသည်။ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တင်ဒါစနစ်ဖြင့်ဆောင်ရွက်မည့်လုပ်ငန်း Lotအရေအတွက်(၅၉)ခုရှိပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်ရန်၊ ဝင်ရောက်ယှဉ်ပြိုင်ရန် …

Read More »

လူငယ့်အသံ လူငယ့်အနာဂတ် ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေး

FI

ဒီဇင်ဘာ ၇ (ပဲခူး) ========================== ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၉)နာရီက ပဲခူးမြို့ ညောင်အင်းလမ်းဆုံ Famous Hotel တွင် ကျင်းပပြုလုပ်သော လူငယ့်အသံ လူငယ့်အနာဂတ်ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်အားပေးသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက “လူငယ်ထုများက သမိုင်းကိုနားလည်ပြီး ပြန်လည်ဆင်ခြင်၍ စည်လုံးစွာနေထိုင်ကြရန်၊ လူငယ့်အားဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ တိုင်းပြည်၏နောင်တစ်ချိန်တွင် လူငယ့်ကဏ္ဏအရေးပါမှုသည် အထူးအရေးကြီးပြီး လူငယ်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာများတိုးတက်ဖွံ့ဖြိုးမှုထက် အမျိုးသားရေးစိတ်ဓာတ်များနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်း စောင့်ရှောက်ကြရန်၊ တိုးတက်နေသည့်နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာနေပြီး ကြိုးစားဆောင်ရွက်ကြရန် “အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် halcon အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ စာရေးဆရာ လင်းညိုသွေးက မိတ်ဆက်စကားပြောကြားပြီး လူငယ့်အသံ လူငယ့်အနာဂတ်ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိဒေသခံလူငယ်များက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လူငယ်များ၏အမြင်နှင်ပါဝင်ဆောင်ရွက်မှုအား ကနဦးလေ့လာဆန်းစစ်ခြင်း” တွေ့ရှိချက်များ တင်ပြကာ အပြန်အလှန်ဆွေးနွေးပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ …

Read More »

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ပဲခူး(၆) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် သံဃာအပါး(၅၀၀၀)ဆွမ်းဆန်တော်လောင်းလှူ ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်ကြီးများအား လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော်ကပ်လှူ ရန်အတွက် အလှူ ငွေကျပ်သိန်း(၁၀၀)၊ ပဲခူးတိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးရေးအတွက် အလှူ ငွေကျပ်သိန်း(၂၀၀)တို့ကို လင်ဂျူ းတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပေးအပ်လှူ ဒါန်းခြင်း၊ ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် ဝတ္ထုကံမြေဧရိယာ(၆၀၆.၂၀)ဧကဆိုင်ရာ စာရွက်စာတမ်းများကို အလှူ ရှင်များက ပေးအပ်လှူ ဒါန်းခြင်း၊ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပဲခူးမြို့ပေါ်ရှိဘာသာရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာ …

Read More »

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၆ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှကြီးမှုးပြီး ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအား Video Clipဖြင့်ပြသပေးသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးဒေါ်မြင့်မြင့်ကြည်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးအကြမ်းဖက်ခြင်း ဆိုင်ရာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဒေါ်သန်းသန်းအေးက အကြမ်းဖက်ခံရသော အမျိုးသမီးများအပေါ် ကူညီပေးနိုင်မှုနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှုးရဲမှုးမောင်မောင်ဝင်းက လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာချိုချိုအောင်က မျိုးဆက်ပွား ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ Legal Clinic Myanmar(ဥပဒေရေးရာ ကုစားရေးမြန်မာ)အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ အကြမ်းဖက်ခံရခြင်းမှ လျှော့ချနိုင်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးအကြံပြု တင်ပြကြသည်။ …

Read More »

နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ဦးဝင်းသိန်း မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

FI

ဒီဇင်ဘာ ၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ်တွင် ဒီဇက်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်တွင် ကျင်းပပြုလုပ်မည့် သံဃာအပါး(၅၀၀၀)ဆွမ်းဆန်တော်လောင်းလှူ ပွဲသို့ ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနာယဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုမှ ဆွမ်းဆက်ကပ်လှူ ဒါန်းပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးနှင့်ဇနီးမိသားစု၊ လွှတ်တော်ဥက္ကဌ၊ ဥပဒေချုပ်နှင့်ဧည့်သည်တော်များက နိုင်ငံတော်သြဝါဒစရိယ ပဲခူးမြို့မစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တော်မူကြီး ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုနှင့် လွှတ်တော်ဥက္ကဌတို့က လှူဖွယ်ခြင်းနှင့်ဝတ္ထုပစ္စည်းများဆက်ကပ်လှူ ဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေကာ ဆရာတော်ကြီးများ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

ဒီဇင်ဘာ ၄ (ပဲခူး) =================== ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်အားကစားကွင်းတွင် ဒီဇက်ဘာလ(၄)ရက် ညနေ(၃:၃၀)နာရီအချိန်က ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘော်လုံးချစ်ပရိတ်များက ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးကြရာ ပြည်ခရိုင်အသင်းက(၃ : ၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက်ဆုပေးပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအားကစားဆပ်ကော်မတီဝင်ဦးတင်မြင့်က ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဒုတိယရရှိသော ပဲခူးခရိုင်အသင်းအား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှုးဒုတိယရဲမှုးကြီးစိန်လွင်မှလည်းကောင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှုးဦးစိုးနိုင်မှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဂိုးသမားဆုရရှိသော ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁)ထူးကျော်၊ နောက်တန်းအကောင်းဆုံးဆု ပြည်ခရိုင်အသင်းမှ ကျောနံပါတ်(၄)တင်ထူးအောင်တို့အား ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှုးဦးအောင်မြင့်ကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုရရှိသော ပြည်ခရိုင်အသင်းမှ ကျောနံပါတ်(၇)ဇွဲဝေယံ၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသော ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁၀)မြတ်ကိုကိုဇော်၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသော ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁၄)ရဲမျိုးထွဋ်တို့အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် …

Read More »

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

tender-300x300

ဒီဇင်ဘာ ၄ (ပဲခူး) ================== စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၂)၊ တောင်ငူမြို့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Read More »