Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 31)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၀ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ(၁၉)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် မိရိုးဖလာ စိုက်ပျိုးသည့် စိုက်စနစ်များ၊ မျိုးများအား ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ပြီး တောင်သူများနားလည် နိုင်သည့် ရိုးရှင်းသော စိုက်ပျိုးရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေး နှင့် စိုက်ပျိုးမြေစမ်းသပ်ဓါတ်ခွဲခြင်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိခြင်းနှင့် ခိုင်မာ သည့် ဈေးကွက်ရရှိခြင်းတို့အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ အဓိကသီးနှံဖြစ်သော စပါးအား နှစ်စဉ်ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေး အထူးအလေး ထား …

Read More »

မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တင်ဒါခေါ်ယူခြင်း

မိုးညို မေ ၁၉ ================  မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) လမ်းဆိုင်းဘုတ်များပြုလုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————–

Read More »

ရွှေကျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တင်ဒါခေါ်ယူခြင်း

ရွှေကျင် မေ ၁၉ ================ ရွှေကျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တည်ဆောက်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————–

Read More »

နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တင်ဒါခေါ်ယူခြင်း

နတ်တလင်း မေ ၁၉ ================  နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တည်ဆောက်ရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————

Read More »

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၉ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၁၉ရက်နေ့၊ နံနက် ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကျေးလက်နေတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေများအား အတိုးနှုန်းသက်သာစွာဖြင့် ပံ့ပိုးပေးလျက်ရှိသလို အောက်ခြေတွင်လည်း အမှန်တကယ် အကျိုးရှိရှိ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ငွေကျပ် (၈)ဘီလီယံ ခွဲဝေရရှိခဲ့သဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍတို့အတွက် လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်ပေးလျက်ရှိသလို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် …

Read More »

ကျောက်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျောက်ကြီး မေ ၁၈ ================ ကျောက်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တည်ဆောက်ရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————-

Read More »

ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည် မေ ၁၈ ============ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————-

Read More »

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၁၈ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ(၁၈)ရက်နေ့၊ နံနက် ပိုင်းက ဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလု်ပငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန်လိုအပ်သလို ရာသီအလိုက် ပွဲတော်များ ကျင်းပသွားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သလို မြို့ပြသန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ တိုင်းရင်းသားကျေးရွာတို့၏ လူနေမှုဓလေ့စရိုက်များအား ပြန်လည် ဖော်ထုတ်၍ ခရီးစဉ်အသစ်များ ထပ်မံချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ …

Read More »

Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားအသင်း များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၇ =================== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ခဲ့သည်။          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ပညာရေးသမိုင်းကို တစ်ခေတ်ပြောင်းစေမည့် အမျိုးသားပညာရေး မဟာဗျူစီမံကိန်းရဲ့ အခြေခံပညာသင်ရိုးညွှန်တမ်းများကို ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ နိုင်ငံတော်ကချမှတ်ထားတဲ့ ပညာရေးမူဝါဒများအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆရာ၊ဆရာမများအားလုံးက တာဝန်သိသိ ကြိုးပမ်း ပေးကြရန် လိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွား သင်တန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား‌ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်း/​ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူး မေ ၁၆ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရခိုင်ပြည်နယ်သို့ သွားရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဝင်များ ကျန်းမာရေးကို အထူးဂရုစိုက်ရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို အလေးထားရန်လိုအပ်ကြောင်း၊ ကိုယ်ကျိုး စွန့်ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့်ပြုမူ ပြောဆိုနေထိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ သွားရောက် ၍ အမြန်ဆုံး မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်အမှာ စကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက …

Read More »