Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 40)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၃ =====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာကြီးပူးနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးန္တရာယ်များအားလုံးကို ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီ ကယ်ဆယ်ခြင်းလု်ပငန်းများအပြင် သဘာဝဘေးဖြစ်ပွားပြီး ပြန်လည်နေရာချထားခြင်းများအား ပြည်သူနှင့် အတူတကွ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Video Clip …

Read More »

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နိုင်ငံကျော်အဆိုတော်များဖြင့် စည်းကားသိုက်မြိုက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်

ပဲခူး မတ် ၁၁ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နိုင်ငံကျော်အဆိုတော်များဖြင့် စည်းကားသိုက်မြိုက် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်အတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ၍ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမော ပြေနိုင်စေရေးနှင့် စုစည်းပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစုအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သင်္ကြန်အကျနေမှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟို မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ် များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခင်နှစ်အတိုင်း လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် ရေထွက်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ပဲခူး မတ် ၁၀ ==================           ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက် စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Phase-II) အစပျိုးအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေး လု်ပငန်းရှင်များ တက်ရောက်ခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ …

Read More »

တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်(Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး မတ် ၉ =======================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား ဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက် (Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် လယ်ယာစီးပွားရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟူသည့် လမ်းညွှန် မှာကြားအား အထူးလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်နှင့် နွေစပါးစိုက်ဧက(၃)သိန်းကျော်ရှိပြီး …

Read More »

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၈ ===========          ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီကနေ့သည် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင် နိုင်ရည်များနှင့် လူသားအကျိုးပြုမှုတွေကို အသိအမှတ်ပြုတဲ့နေ့လည်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိသည့် အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ (၅၄.၉)သန်းခန့်တွင် အမျိုးသမီးပါဝင်မှုသည် (၅၂)ရာခိုင်နှုန်းဖြစ်၍ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်နှင့် ကဏ္ဍစုံတွေမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေသည်ကို တွေ့မြင်ရကြောင်း၊ အဲ့ဒီလိုကဏ္ဍစုံတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ် များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၆ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်‌တော်ကြီး၌ မတ်လ(၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတံဆိပ်များ ဆုရှင် အဆိုတော် မထက်ထက်မော်က ထူးမခြားနား ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းကိုလည်းကောင်း ဖိတ်ကြား လျှောက်ထား သီဆိုပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီး အား ရွှေထီးတော်အသစ် တင်လှူပူဇော်

ပဲခူး မတ် ၅ ===================           ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူ ပူဇော်ခြင်း အခမ်းအနားအား အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင် များနှင့်အတူ တက်ရောက်ကြည်ညို တင်လှူပူဇော်ခဲ့သည်။           ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်များအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြ …

Read More »

မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း(Barrier Free Tourism)ဆိုင်ရာ အသိပညာပေး သင်တန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့

ပဲခူး မတ် ၃ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)ဆိုင်ရာ အသိပညာပေး သင်တန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း လာရောက် လည်ပတ်ကြမည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် ခရီးသွားဆိုင်ရာ အသိပညာများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးစဉ်ဒေသများမှာ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသလို မိမိတို့တိုင်းဒေသကြီးအတွင်းမှာလည်း ခရီးသွားလု်ပငန်း ပိုမိုဖွံ့ဖြိုးတိုးတက် စေအတွက် အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၌ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂ =================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ ထောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် …

Read More »

ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး မတ် ၁ =====================           ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားအား မတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ကာကွယ်ဆေးသိုလှောင်အအေးခန်း တည်ဆောက်ရေးရှင်းလင်းဆောင်၌ လုပ်ငန်းစီမံချက် များအား တာဝန်ခံအင်ဂျင်နီယာမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် ငလျင်ကြောကျရောက်သည့် နေရာတွင်တည်ရှိနေသဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်ရန် လိုအပ်ပြီး ကာကွယ်ဆေးများ သိုလှောင်မည့် အအေးခန်းဖြစ်၍ မိုးလုံလေလုံဖြင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးလိုင်းများ စနစ်တကျ တပ်ဆင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           ထို့နောက် မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ပဲခူးဆေးရုံအုပ်ကြီး …

Read More »