Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 5)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဧပြီလ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာ အုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၅၀)စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် နွေစပါး(၂)သီး ရရှိစိုက်ပျိုးနိုင်ရန် ကြိုတင်ပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး စံပြကွက်များဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိ စနစ်တကျ သုံးစွဲနိုင်ရေး ဖွဲ့စည်း ပေးထားသည့် Water User Group များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန်၊ ရေသွင်း/ရေထုတ် မှန်ကန် မှသာ ပင်ပွားနှုန်းကောင်းပြီး အထွက်နှုန်းတိုးတက်နိုင်မည်ဖြစ်၍ အသိပညာပေးရန်နှင့် မြေလပ်မရှိစိုက်ပျိုးနိုင် …

Read More »

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၁၀ ===============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားအား ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ “စာပေဒသာ ဝေဆာစေမည်” Video Clip အား ပြသ၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ပင်ဖြစ်ပြီး ယနေ့ခေတ်လူငယ်များ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်လျက်ရှိကာ စာအုပ်၏ တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ ရရှိမည့် အသိက တန်ဖိုးဖြတ်၍ မရကြောင်း၊ နိုင်ငံတော်အစိုးရမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မား …

Read More »

ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပဲခူး ဧပြီ ၁၀ ================           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။           ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဥသာသီရိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။           ထို့နောက် ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သာသနာ့မဏ္ဍိုင် ပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက်  ပဓနနာယကဆရာတော်ထံမှ ဩဝါဒကထာ နာယူခဲ့ကြသည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် …

Read More »

ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၉ ===================           ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ် သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအား ဧပြီလ(၉)ရက်နေ့၊နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင်  “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်မြှင့်တင်ရေး” အဓိကကျပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရေးနှင့် ဒေသထွက်ကုန်များ ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးတို့ကို အဓိကထားချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြိုပြနှင့်ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေး၊ …

Read More »

ပဲခူးတိုင်းဒေသကြီး၊ အုပ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

တောင်ငူ ဧပြီ ၈ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းတပ်နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ စစ်ရေးပြကွင်း၌ နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား  ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးသည် သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာများနှင့် စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် နယ်မြေခံသင်တန်းကျောင်းခန်းမ၌  ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က သင်တန်းသား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ သွားရောက် ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဧပြီလ(၆)ရက်နေ့၊ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း တို့၌ ၂၀၂၄ ခုနှစ်၊ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစာတတ်မြောက်ရေးတွင် စိတ်ပါဝင်စားစွာ လာရောက်လေ့လာသင်ယူနေသည့် အသက်(၉၅)နှစ်ကျော် အဘိုး၊ အဘွားတို့အား ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့သည်။           တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဧပြီလ(၆)ရက်နေ့မှစတင်ပြီး အခြေခံစာတတ်မြောက်ရေး တက်ရောက်သင်ကြားမည့်သူ(၉၅၆၃)ဦးအား စာသင်ဝိုင်း(၆၉၆)ဝိုင်း၊ နည်းပြဆရာ(၇၁၁)ဦးနှင့် ကြီးကြပ် ဆရာ(၇၄)တို့ဖြင့် ခေါင်းစဉ်(၁၃)မျိုး ပူးတွဲသင်ကြားလျက်ရှိပြီး အခြေခံစာတတ်မြောက်ရေးအပြင် နိုင်ငံ့သား ကောင်းဖြစ်ရေးဦးတည် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။           ယင်းနောက် တိုင်းဒေသကြီး …

Read More »

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၅           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားအား ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတက်မြာက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ကျေးလက်ဒေသနေပြည်သူများနှင့် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်စေရေးနှင့် လူမှုဘဝမြင့်မားရေးအတွက် ရည်ရွယ်ပြီး တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရည်ရွယ်ချက်(၇)ရပ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး တက်ရောက်သင်ကြားမည့်သူ(၉၅၆၃)ဦး ရှိပြီး စာသင်ဝိုင်း(၆၉၆)ဝိုင်း၊ နည်းပြဆရာ(၇၁၁)ဦးနှင့် ကြီးကြပ် ဆရာ(၇၄)တို့ဖြင့် အခြေခံ အရေး၊ အဖတ်၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိ သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၄ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့၊ ဦးအောင်ရွှေ၏ ထာဝရမေတ္တာ ဆန်စက်၊ မြေပဲကြိတ်ခွဲစက်၊ စပါးအခြောက်ခံစက်နှင့် ဆီစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲစိုက်တောင်သူများထံမှ ဒေသပေါက်ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထွက်နှုန်းကောင်း ဗီယက်နမ် မြေပဲမျိုးများ ဖြန့်ဝေပေးခဲ့နိုင်မှုကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် တင်း(၁၀၀)အထက် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ ဦးကျော်စိုး၏ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားရှိသည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက် ကူညီထောက်ပံ့

ပဲခူး ဧပြီ ၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အတူ ဧပြီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ရောက်ရှိခဲ့ပြီး ဧပြီလ(၂)ရက်နေ့၊ ညပိုင်းက မီးလောင်ကျွမ်းခဲ့သည့် ပဲနွယ်ကုန်းဈေးနေရာသို့ ရောက်ရှိခဲ့ပြီး ယာယီဈေးအတွက် စည်ပင်သာယာပန်းခြံမြေနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး နှစ်အလိုက်ဘတ်ဂျက်များ လျာထား၍ ပဲနွယ်ကုန်း ဈေးအား ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဈေးအဝင်လမ်းအား မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက် သွားလာနိုင်ရေး ဆောင်ရွက်ရန်၊ ဈေးအတွင်း မီးသတ်ရေငုတ်များနှင့် မီးသတ်ရေစင် များ ထည့်သွင်းတည်ဆောက်နိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား …

Read More »

ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိပ်ဖွင့်တင်ဒါခေါ်ခြင်း

ပဲခူး ဧပြီ ၃ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိပ်ဖွင့်တင်ဒါခေါ်နေမှုအား သိရှိနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်- အပြည့်အစုံဖတ်ရှုရန်——————–

Read More »