Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 76)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ဝေါ ဇန်နဝါရီ ၁၁ ============== ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေး အရပ်ရပ်လိုင်စင်များအား ဈေးပြိုင်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ဇီးကုန်း ဇန်နဝါရီ ၁၁ =============== ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေး အရပ်ရပ်လိုင်စင်များအား ဈေးပြိုင်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၀ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၀) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ရှိ (အရိယာဝါသ)မြင်းကျားတန်ဆောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။      အခမ်းအနားသို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဆေးပဌာန်းရွတ်ဖတ် ပူဇော်ကြမည့် ဆရာတော်၊ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။           ထို့နောက် (ပဋ္ဌာနဘာဏက)ရွှေကူကျောင်း ဆရာတော်ဘဒ္ဒန္တဉာဏိဿရမှ ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်၍ ‌ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကဦးဟန်ညွှန့်မှ ပဋ္ဌာန်းတရားနာကြား ရန် သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားကာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ …

Read More »

ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၀ ====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ် မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ ယခုအခါ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော eID လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်လူ့ဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများအတွက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း …

Read More »

သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်

ပဲခူး ဇန်နဝါရီလ  ၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများကျန်းမာကြံ့ခိုင်ရေးကိုဦးတည်၍ သရေ ခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီး သမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲ အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ခရီးမိုင်(၁၀)မိုင်ခန့် စက်ဘီးစီးရမည်ဖြစ်၍ ခရီးစဉ်တစ်လျောက် ခဏရပ်နားရန်နေရာ၊ ရေသန့်နှင့် အအေးဗူးများ ပေးဝေ နိုင်ရေး သတ်မှတ်နေရာများ …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံမြို့မိ/ဖများ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

သနပ်ပင် ဇန်နဝါရီ ၆ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သနပ်ပင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံမြို့မိ/ဖများ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်း/မြို့ပြင် ဝင်/ထွက်လမ်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်လိုအပ်လျက်ရှိကြောင်း၊ သနပ်ပင်မြို့သည် ဝင်ငွေခွန်နည်းပါး သည့် မြို့တစ်ခုဖြစ်၍ မြို့တွင်းလမ်းများ လမ်းပိုင်းအလိုက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးအပြင် အခြားမြို့တွင်းစည်ပင်သာယာရေးလုပ်ငန်း များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သီးခြားထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သနပ်ပင်မြို့နှင့် ပဲခူးမြို့သည် ထိစပ်ချိတ်ဆက်၍ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး စတင်ကြိုးစား ဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ သနပ်ပင်မြို့သည် (သီလဝါ – သန်လျင် – ခရမ်း – သနပ်ပင် – ပဲခူး)လမ်း ဖြတ်သန်းရာ မြို့တစ်ခုဖြစ်ကာ အနာဂတ်တွင် ကုန်စည်စီးဆင်းမှု၌ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့၊ ကျုံးကူးတံတားဖွင့်ပွဲနှင့် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင် တွင်းတော်ဝန် မင်္ဂလာအခမ်းအနားသို့တက်ရောက်

ပဲခူး ဇန်နဝါရီ ၆ ===============              ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း-သမိန်ဗရမ်း-ဆံတော်တွင်းလမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။               ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုး‌ရွှေ၊ သယံဇာတ ရေးရာဝန်ကြီးဦးတင်သိန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ကျုံးကူးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။               ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ …

Read More »

ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး ဇန်နဝါရီ ၆ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး လမ်းအဆင့်မြှင့်တင်ခြင်း၊ ပလက်ဖောင်းများပြုလုပ်ခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော် ခြင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်တပ်ခြင်းတို့ ဆောင်ရွက်နေသလို ရှေးဟောင်းယဉ်ကျေးမှု များ ပြန်လည်ဖော်ထုတ်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူခဲ့သည့် လပိုင်းအတွင်း ပဲခူးမြို့တွင်းလမ်းပေါင်း(၁၃၀)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနို်ငခဲ့သလို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်လည်း ပဲခူးမြို့တွင်း စည်ပင်သာယာရေး လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တက်ရောက်လာသည့် မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များမှ ရင်းနှီးပွင့်လင်းစွာ …

Read More »

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် နိုင်ငံတော်အဆင့် ဆုရရှိသူများအား ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ ညနေပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် နိုင်ငံတော်အဆင့် ဆုရရှိသူများအား ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာပေဗိမာန်စာမူဆု ပထမရရှိသူနှင့် သုတပဒေသာ(ဝိဇ္ဇာ) စာပေဗိမာန်ဆု ပထမရရှိသူတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းအား လည်းကောင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် ဦးခင်မောင်လေးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံတော်အဆင့် ကဗျာ၊ စာပေ ဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တာဝန်ထမ်းဆောင်စဉ် အသက်စွန့်လွှတ် ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော (တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ)တို့အတွက် ဂုဏ်ပြုဆုငွေနှင့် …

Read More »

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ရွှေညီအကိုအသင်းနှင့် ကဝမြို့မအသင်းတို့ ဘော်လီဘော ဗိုလ်လုပွဲ ယှဉ်ကစား နေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်အကြီးတန်း နှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်ရိုက် အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက် အငယ်တန်းတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများက ငွေသားဆုများ အသီးသီးချီးမြှင့်ကြသည်။ ထို့နောက် ဘော်လီဘောပြိုင်ပွဲတွင် …

Read More »