Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 95)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မေ ၃၁ ==========================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေလ(၃၁)ရက်နေ့ နံနက်ပိုင်းက အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာဝန်းအတွင်းရှိ မြေနန်းပြဿဒ်ဆောင်နှင့် ဘမရာသနပလ္လင်တော်ဆောင်သို့ သွားရောက်ခဲ့ပြီး နန်းတော်ကုန်း ပြန်လည်တူးဖော်စဉ် ရရှိခဲ့သည့် ကျွန်းတိုင်များ၊ မှတ်တမ်းဓါတ်ပုံများပြသထားရှိမှုနှင့် ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က လိုက်လံရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကမ္ဘောဇသာဒီနန်းတော်အား ၁၅၅၆ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးက တည်ဆောက်ခဲ့ပြီး ၁၆ရာစုရှိ မြန်မာ့အင်ပါယာ၏ ခန့်ငြားထည်ဝါမှုကို ဖော်ပြနေသော ပြယုဒ်ဖြစ်၍ ရေရှည်တည်တံ့စေရေး၊ နောင်မျိုးဆက်သစ်များထိတိုင် မျိုးချစ် စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း၊ ယင်းသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ရှေးမူလက်ရာမပျက် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၈ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေးအား မေလ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် မီးရထားလမ်း၊ ကားလမ်းဆုံရာမြို့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကပင်လယ်ထွက်ပေါက် တစ်ခုဖြစ်သည့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့်လည်း ကားလမ်းများ တိုက်ရိုက်ချိတ်ဆက် ထားမှုရှိ၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စား၍ ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာအရ အရေးပါသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာပါက ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် …

Read More »

၂၀၂၁-၂၀၂၂ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၇ ===================        ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက အေးချမ်းသာယာပြီး  “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”ဟူ‌သော နိုင်ငံတော်ရဲ့ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင် မှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး အတွက် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းထွက်သူ မရှိစေရေးတို့ကို အ‌ခြေခံပြီး ကျောင်းနေအရွယ်ကလေးများအားလုံး …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး မေ ၂၆ =====================       ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေလ(၂၆) ရက်နေ့ ညနေ(၃:၃၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။        အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပါဝင်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက ယနေ့ ကျင်းပပြုလုပ်သည့် (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသည် သာမာန် အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များ ပေါ်ထွက်စေရေး ပြိုင်ပွဲတစ်ရပ်အဖြစ်မှတ်ယူပြီး ပြိုင်ပွဲဝင်အားကစားသမားများအားလုံး …

Read More »

ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ ဝန်ထမ်းများမှ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂၅ ===================           ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့၊ နံနက်(၉:၃၀) အချိန်က ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အကြိမ်(၇၀)မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြလုပ်ရာ  ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ပဲခူးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများက ရွှေမော်ဓော စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် ကျောက်ပန်းတောင်းဓမ္မာရုံမှ စတင်ထွက်ခွာခဲ့ပြီး ရင်ပြင်တော်အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကာ မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ကန့်တော့ခဲ့ကြောင်း သိရှိရသည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၅ ————————–        ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့ နံနက်ပိုင်းအချိန်က အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ နံနက်(၅)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်း၌ ဆွမ်းတော်ကြီးတင် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များက အာရုံခံတန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီးဝလံများနှင့် ပန်း၊ ဆီမီးအမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။      ထို့နောက် နံနက်(၅:၃၀)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင် အခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား “ဇယန္တော ဗောဓိယမူလေ” စသည့်ဗုဒ္ဓါဘိသေကဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ အနေကဇာ တင်ကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဝေါမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝေါ မေ ၂၂ ======================= ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်အတွင်း‌‌ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒိမာမဟာထေရ် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြှော်ကန်တော့ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဖိုးဦးစိန်ရွာဦးဘုန်းတော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ၊ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map(၅)ချက်ကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများကိုလည်းကောင်း အသိပေး ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျေးလက်လမ်း အဆင့်မြှင့်တင်ပေးရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ …

Read More »

ပဲခူးတိုင်း‌ဒေသကြီးစီမံအုပ်ချုပ်‌‌ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပဲခူးမြို့တွင်ဖွင့်လှစ်‌သည့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပဲခူး မေ ၂၁ =======================      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတို့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မေလ(၂၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ၂၀၂၁ ခုနှစ် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။     အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား သင်တန်းသား/သူများတက်ရောက်ကြသည်။     ရှေးဦးစွာ သင်တန်းသား/သူအားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုခြင်း၊ သရုပ်ပြအဖွဲ့များက  ကရာတေးဒို၊ Fitness Dance ၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများဖြင့် သရုပ်ပြသခြင်းများပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မေ ၁၈ =======================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က စနစ်ကျသော စက်မှုဇုန်များဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်လျက် ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်သည်ဖြစ်၍ …

Read More »

ပဲခူးတိုင်းဒေသကြီးလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၁၈ =======================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လမ်းပန်း ဆက်သွယ်ရေးလုံခြုံမှုမှသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ လုံခြုံရေးအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်၍ အဖျက်အမှောက်လုပ်ငန်းများ၏ သတင်းအချက်အလက်များ တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်ဆီးစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက် တော့မည်ဖြစ်၍ ကျောင်းတွင်း/ပြင် လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် စနစ်တကျလုံခြုံရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါ ရောဂါပိုး ပြန်လည်တွေ့ရှိနေပြီဖြစ်၍ နယ်စပ်ဂိတ်များ သေခြာစွာစစ်ဆေး …

Read More »