Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးကရင်ရိုးရာချည်ဖြူ ဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

FI

ပဲခူး သြဂုတ် ၂၅ ============================ မိမိတို့၏မိသားစုများ၊မျိုးနွယ်များကို မှတ်မိစေရန်၊ စည်းလုံးခြင်းနှင့် လူမျိုးအချင်းချင်းနွေးထွေးစွာ ပေါင်းစည်းညီညွှတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရိုးရာချည်ဖြူ ဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ်လ (၂၅)ရက်နေ့၊နံနက်(၈)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ကရင်အမျိုးသားအလံတော်တို့ကို အလေးပြုကြပြီး ကရင်ရိုးရာချည်ဖြူ ဖွဲ့မင်္ဂလာအခမ်းအနားအတွက် အသုံးအဆောင်ပစ္စည်းများအား နေရာချထားကာ စတင်ဖွင့်လှစ်သည်။ ရှေးဦးစွာ ဆရာတော်ဉူးကုသလက သြဝါဒစကားမိန့်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က”ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသည် ကရင်တိုင်းရင်းသားများ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးနိုင်အောင်ပြုလုပ်သော ပွဲဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ခင်မှုရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ကိုယ့်ရိုးရာဓလေ့ထုံးစံများကို ပိုမိုသိရှိစေနိုင်ခြင်း၊ တိုင်းရင်းသားများ စုစည်းညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရိခြင်း စသော အကျိုးရလဒ်များရရှိနိုင်မည်ဟု ယုံကြည်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေရာဝန်ကြီး နော်ပွယ်စေးက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုကြီး (၈)မျိုးအပါအဝင် မျိုးနွယ်စုပေါင်း(၁၃၅)မျိုးနေထိုင်သည်ဟု …

Read More »

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ မြေယာပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

FI

မေ ၁၄ (ပဲခူး) – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – မေလ (၁၄) ရက်နေ့ နံနက် (၇) နာရီအချိန်ကပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာအုပ်စု၊ ထားဝယ်အင်းကျေးရွာတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့မြေယာပေးအပ်လှူဒါန်း ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးနော်ပွယ်စေးမှ အမှာစကားပြောကြားရာတွင် တိုင်းအတွင်းရှိ …

Read More »

ပဲခူးမြို့တွင် တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

FI

မတ် ၂၃ (ပဲခူး) ============================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် တိုင်းဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာကြည်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဆရာတော်ဉူးကုသလက သြဝါဒမိန့်ကြားသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုကျင်းပသည့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသားလူမျိုးစုများ အချင်းချင်းစာပေနှင့် ယဉ်ကျေးမှုအပြန်အလှန် သိရှိနားလည်ပြီး ရင်းနှီးချစ်ကြည်မှုမှတဆင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းလာမည်ဟု မျော်လင့်မိကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက်အ …

Read More »

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်းများဖွင့်လှစ်ရန် ထောက်ပံ့ငွေများပေးအပ်

FI

မတ် ၁၂ (ပဲခူး) =================================== မတ်လ(၁၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မွန်စံပြအလယ်တန်းကျောင်းခွဲတွင် တိုင်းရင်းသားမွန်စာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက အဖွင့်အမှာစကားပြောပြီး တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများက မြို့နယ်အလိုက် တိုင်းရင်းသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးမှ ပဲခူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့အတွက် နွေရာသီမွန်စာပေသင်ကြားရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀)အား ပေးအပ်သည်။ ယင်းနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့သို့ သွားရောက်ပြီး ရှမ်းတိုင်းရင်းသားစာပေ (၁၀)မြို့နယ်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေ (၅)မြို့နယ် နွေရာသီမွန်းမံသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် …

Read More »

(၈၀)ပြည့်နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး မင်းလှမြို့၊ အားကစားကွင်း၌ ဒီဇင်ဘာလ(၁၈)ရက်၊ ကရင်နှစ် ၂၇၅၇ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က (၈၀)ပြည့်နှစ်မြောက် တိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကရင်အမျိုးသားသီချင်းသီဆို၍ အလံတင်အခမ်းအနားပြုလုပ်ကာ တက်ရောက်လာကြသူများက အလံတော်ကို အလေးပြုကြပြီး ကြို့ပင်ကောက်ဆရာတော် ဦးသုန္ဒရနှင့် သိက္ခာတော်ရဆရာတော် စောသက်စေးတို့က နှစ်သစ်အတွက် ဆုတောင်းမေတ္တာ ပို့သကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့နေရာယူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တိုင်းရင်းသား ကရင်အမျိုးသားအလံတို့အား အလေးပြုကာ အလှည့်ကျသဘာပတိ ဒေါက်တာစောကြည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကရင်နှစ်သစ်ကူးပွဲတော်သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပွဲတစ်ခုဖြစ်ကြောင်း၊ ယခုအချိန်အခါသည် နိုင်ငံတော်အစိုးရမှာ ငြိမ်းချမ်းရေးကို …

Read More »

(၂၅)ကြိမ်မြောက် ရှမ်းစာပေဆုပေးပွဲနှင့် ရှမ်းနှစ်သစ်ကူး ငွေရတုအထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားများစုပေါင်းပြီး ၂၅ ကြိမ်မြောက် ရှမ်းစာပေဆုပေးပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲ ငွေရတုအထိမ်းအမှတ် ပွဲတော်ကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနနက်(၉)နာရီအချိန်က ကျောက်တံခါးမြို့နယ်၊ ကင်မွန်းအင်းကျေးရွာအုပ်စု၊ သပြေတန်းရှမ်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အလံတော်နှင့် မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုကြပြီးနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် မတူညီကွဲပြားသော တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြပြီး လူမျိုးတိုင်းတွင် မတူညီကွဲပြားသော ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် စာပေများရှိသောကြောင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် စာပေအား မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ တိုင်းရင်းသားလူမျိုးများ၏ အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားများသည် သမိုင်းအစဉ်အလာ ကြီးမားသော တိုင်းရင်းသားများဖြစ်ပြီး ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာ၊ သမိုင်းအမွေအနှစ်များ ရေရှည်တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးနှင့်စာပေ မပပျောက်စေရေးအတွက် ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ …

Read More »

ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတော် ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၁(ပဲခူး) =================================== အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေတန်ဆောင်းကျေးရွာ၌ ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် ၂၀၁၇ခုနှစ် စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွှေတန်ဆောင်းကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာပို့သပြီး ကယားတိုင်းရင်းသားများက ကယားရိုးရာ အဲဒိုပေါ်မီအကဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ထန်းတပင်မြို့နယ် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဂျော့ဂျေက အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်များက မိတ်ဆက်ကာ ကော်မတီအတွင်းရေးမှူး ခူးညွန့်ရယ်က အဲဒိုပေါ်မီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျင်းပရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းတို့က အားပေးအမှာစကားပြောကြားပြီး ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ကအဲဒိုပေါ်မီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကယားဘာသာစကားဖြင့် ရှင်းလင်းပြောကြားကာ …

Read More »

(၁၆၆) ကြိမ်မြောက် ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၆ (ရွှေကျင်)  =================================== အောက်တိုဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ရွှေကျင်မြို့၊ ပျဉ်းမပင်ရပ်ကွက်၊ ရွှေကျင်ချောင်း ကမ်းနံဘေးရှိ ဗဟိုမဏ္ဍပ်၌ (၁၆၆)ကြိမ်မြောက် (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ယိမ်းအကအဖွဲ့များ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားကို နံနက်(၀၉:၀၀)အချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှောက်ကားတော်ကြီးလှေမှ ဦးဆောင်ကာ တက်ပျံယိမ်း၊ တက်ခုတွယိမ်းများ၊ ယိမ်းအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက တေးသီချင်းများ အကများဖြင့် သရုပ်ပြဖျော်ဖြေယှဉ်ပြိုင်ကြပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။ ထို့နောက် အရှင်ဥပဂုတ္တရဟန္တာမြတ်၏ ကရဝိတ်ဖောင်တော်အား ရွှေကျင်ချောင်းအတွင်း လက်ယာရစ်(၃)ကြိမ် အပူဇော်ခံကာ ရောင်စုံမီးကြာခွက်များဖြင့် ရွှေကျင်ချောင်းအတွင်း မီးမျှောပူးဇော်ခဲ့ကြသည်။  (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် …

Read More »

ဝန်ကြီးနော်ပွယ်စေး ပဲခူးမြို့နယ်၊ မိုဒိုကျေးရွာသို့ ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၂၂ (ပဲခူး) ============================= စက်တင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းလိုက်ပါလျက် ပဲခူးမြို့နယ်၊ မိုဒိုကရင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုသည်။ ရှေးဦးစွာ မိုဒိုကျေးရွာနှစ်ခြင်းခရစ်ယာန်ကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူလူထု၏ လိုအပ်ချက်များအား မေးမြန်းခဲ့ပြီး၊ ညောင်အင်းကျေးရွာ စာသင်ကျောင်းဆောက်လုပ်မည့်မြေနေရာအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Read More »

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၀ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယား၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၂၀)ရက်၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား စာပေ နွေရာသီမွမ်းမံသင်တန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်၊ တိုင်းရင်းသား ဒေသများတွင် အခက်အခဲများများနှင့် လိုအပ်ချက်များကို သိရှိနိုင်စေရန်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲအစီအစဉ်ကို ကျင်းပနိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော ကယား၊ မွန်၊ ရှမ်း၊ ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်များကမိမိတို့၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းဆောင်တာများ၊ …

Read More »