Home / မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် MNTH Ltd မှ လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၁၂ (ပဲခူး) ================================================ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ မိုဘိုင်းတယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Myanmar National Telecom Holdings Public Limited မှ Project Director ဦးဇော်မင်းအေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။ ရှေးဦးစွာ ဦးဇော်မင်းအေးက မိမိတို့ကုမ္ပဏီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသည့် စတုတ္ထမြောက် Operator “Mytel” ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ဆက်သွယ်ရေးဆိုဒ်များအား ဒိုက်ဦး မြို့နယ်တွင်(၁၀)ခု၊ ကဝမြို့နယ်တွင်(၇)ခု၊ ညောင်လေးပင်မြို့နယ်တွင်(၁၅)ခု၊ သနပ်ပင် မြို့နယ်တွင် (၈)ခု၊ ဝေါမြို့နယ်တွင် (၁၃)ခု၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ကြို့ပင်ကောက်မြို့နယ် တွင်(၈)ခု၊ လက်ပံတန်းမြို့နယ်တွင်(၁၂)ခု၊ မင်းလှမြို့နယ်တွင်(၁၁)ခု၊ မိုးညိုမြို့နယ်တွင်(၁၀)ခု၊ အုတ်ဖိုမြို့နယ်တွင်(၈)ခု၊ ပန်းတောင်းမြို့နယ်တွင်(၁၂)ခု၊ သဲကုန်းမြို့နယ်တွင်(၄)ခု၊ …

Read More »

ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၆ (ပဲခူး) ========================= စက်တင်ဘာလ ၆ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အင်တာနက်သုံးစွဲနိုင်ရေး Fron Tiir Co., Ltd မှ ဒါရိုက်တာ ဦးနေလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။ ရှေးဦးစွာ ဦးနေလင်းက မြန်မာနိုင်ငံတွင် အင်တာနက် ဝန်ဆောင်မှုများသည် ပြင်ပနိုင်ငံများ ထက် ဈေးနှုန်းများပြားနေသဖြင့် အသက်သာဆုံး နှုန်းထားဖြင့် လူတိုင်းအင်တာနက် သုံးစွဲနိုင်စေရန် အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အင်တာနက်ဖြန့်ဝေပေးရာတွင် WiFi စနစ်ဖြင့် အသုံးပြုသွားမည်ဖြစ်ပြီး အများသုံးဧရိယာများဖြစ်သည့် ဘုရားများ၊ ပန်းခြံများ၊ စာသင်ကျောင်း များ၊ ဈေးများ၊ ကားဂိတ်များ စသည့်တို့တွင် Free WiFi Zone ပြုလုပ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ကုမ္ပဏီသည် Internet Gateway လိုင်စင်ရရှိထားပြီးဖြစ်၍ သက်သာသော …

Read More »