Home / မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်မြို့တွင်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ပျူရှေးဟောင်းမြို့ရိုး ပြန်လည်တူးဖော်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၁၅ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့်အတူ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ ရွှေဟင်္သာအိမ်ရာစခန်းတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ရွှေဟင်္သာအိမ်ရာအတွင်း (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံးအား ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုငွေ ကျပ်သန်း(၅၇၂.၆၂၈)သန်းဖြင့် မင်းသွေးပိုင်ကုမ္ပဏီနှင့် Myo&Myo Co.Ltdတို့က တာဝန်ယူကာ ၂၀၁၇ခုနှစ် အောက်တိုဘာလမှ စတင်ဆောက်လုပ်ပြီး ၂၀၁၈ခုနှစ် မတ်လတွင် လုပ်ငန်းပြီးစီးမည်ဖြစ်သည်။ ယခုလက်ရှိ တည်ဆောက်မှုအနေဖြင့် (၄၀)ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်း မှော်ဇာမြို့အတွင်း (၆၆)ဧကရှိ …

Read More »

ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းတံတား တည်ဆောက်နေမှုနှင့် တောင်ငူမြို့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၇ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စစ်တောင်းတံတား တည်ဆောက်နေမှုလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-နေပြည်တော်အမြန်လမ်းနှင့် ဆက်သွယ်သော အရှည်(၂)မိုင်(၂)ဖာလုံရှိ မြေစီးရွာသစ်-သိုးကြီးကရင်လမ်းနှင့် အရှည်(၂)မိုင် (၂.၅)ဖာလုံရှိ ကျွဲပွဲ-မြို့စိုးလမ်း၊ အရှည်(၁၂)မိုင် (၄)ဖာလုံရှိ ဝဲဒေါင့်-ရေလောင်း ကျောက်ချောလမ်းတို့အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းနှင့် တံတားအထူးအဖွဲ့(၁၀) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဝင်းတို့က စစ်တောင်းတံတား တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုစိုက်လုပ်ဆောင်ကြရန်၊ ဒေသခံပြည်သူများနှင့် နိုင်ငံတော်၊ တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် …

Read More »