Home / ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန

ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

FI

ဇွန် ၈ (ပဲခူး) =====================           ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ကျူးကျော်မှုများအား စာရင်းကောက်ယူခြင်းနှင့် လျော်ကြေးငွေပေးချေနိုင်ရေးတို့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လျော်ကြေးငွေပေးချေရန်အတွက် အဆင်သင့်အနေအထားသို့ ရောက်ရှိနေကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်၏စီမံကိန်းတစ်ခုဖြစ်ပြီး ဒေသအတွက်သာမက မြန်မာနိုင်ငံတစ်ခုလုံးအတွက် များစွာ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်၍ မိမိတို့အစိုးရအဖွဲ့မှ ကျူးကျော်ရှင်းလင်းမှုများအား ဥပဒေနှင့် အညီ ရှင်းလင်းရန်လိုကြောင်းနှင့် အစိုးရမှ လျော်ကြေးပေးချေမှုများနှင့်ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူ များအား စာရင်းကောက်ယူပြီးစီးမှုအခြေအနေကို ဝန်ကြီး ဦးအောင်ဇော်နိုင်ကလည်းကောင်း၊ ကျူးကျော်နေထိုင်သူများနှင့် ကျူးကျော်စိုက်ပျိုးထားသူများ လျော်ကြေးပေးလျော်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများအား ဝန်ကြီးဦးညွန့်ရွှေကလည်းကောင်း၊ ကျူးကျော်နေထိုင်သူများ …

Read More »