Home / သာသနာရေး ဦးစီးဌာန

သာသနာရေး ဦးစီးဌာန

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

FI

မတ် ၉ (ပဲခူး) ==================================        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မတ်လ(၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ၂၀၁၈ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နမောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပြည်မြို့၊ ကံဦးကျောင်းတိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်တော်မူကြသည်။            ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဂုဏထုထိ တေးထပ်ရတုပိုဒ်စုံတို့ဖြင့် ဘွဲ့ရဆရာတော်ကြီးများအား သီကျူးပူဇော်သည်။            ယင်းနောက် ဘွဲ့ရဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းကို …

Read More »